နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးညီအမနှစ်ဦး ဈေး၀ယ်နေချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

ဩဂုတ်လ (၆)ရက်။

ဒီကနေ့ နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြိုနယ်၊ (၁၇)လမ်းရှိ မေဃဂီရိရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ညီအမနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ၁၇ လမ်း မေဃဂီရိရပ်ကွက်အုပ်ကြီး မဖြိုးသန္ဒာအောင်နဲ့ သူ့ရဲ့ညီမတို့ ဒီမနက်က (၁၈)လမ်း၊ (၈၂)လမ်းနဲ့ (၈၄)လမ်းစျေးမှာ ဈေးဝယ်နေချိန် ပစ်ခတ်ခံရတာ။ သူတို့ညီအမနှစ်ဦးက ဘယ်သွားသွား အတူတူသွားတာ။ အခုလဲ ဈေးအတူ၀ယ်ရင်း ပစ်ခတ်ခံရတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ဖြိုးသန္ဒာအောင်နဲ့ ညီမဖြစ်သူတို့ကို ဆိုင်ကယ်နဲ့ အမျိုးသားအချို့က သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာကြောင့် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ အုပ်ကြီးမနှစ်ဦးမှာ အကြီးမက ကားပေါ် ပက်လက်အနေအထားနဲ့ သေဆုံးသွားပြီး အငယ်မကတော့ ဆိတ်သားဝယ်ရင်း ထပ်မံ ဇီဝိန်ချုပ်သွားပါတယ်” လို့ Voice of Mandalay က ဆိုထားပါတယ်။

ပစ်ခတ်ခံရတဲ့ ဖြိုးသန္ဒာအောင်နဲ့ ညီမတို့နှစ်ဦးဟာ အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ကြချိန် သူတို့ကို အုပ်ချုပ်ရေးမှူးရာထူးပေးဖို့ တောင်းဆိုပြီး ရပ်ကွက်နေပြည်သူတွေကို ဒုက္ခပေးနေသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သေနတ်နဲ့ပစ်ခတ်တာတွေပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ မန္တလေးနဲ့ အောင်မြေသာစံမြို့တို့မှာ ဂိတ်ချစစ်ဆေးတာတွေပြုလုက်ပြီး CCTV တွေ ရှိ၊ မရှိ လိုက်လံစစ်ဆေးနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အသိပညာအားနည်းတာကြောင့် စစ်ကိုင်းတိုင်းမှာ ဆူပူတာတွေ ပေါများတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
မြေပြင်မှာတော့ ဧရိယာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ကရင်နီပြည် ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင် ညွှန်ကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။ တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ်
မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ‌ဖြစ်စဉ်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး
မြန်မာသတင်း

“မိုင်းကြေးနဲ့ ပညာရေးပဲခူးတိုင်း နုဂျီ သစ်ထုတ်ဖို့အရေးLPDF တွေကိုမောင်းထုတ်တယ်လေး””

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 28 Views
အထက်ပါခေါင်းစဥ်နဲ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၄) ကြိမ်အဖြစ် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်တွင်းမှာဘာတွေဖြစ်နေတယ် ဘယ်လိုမြင်ကြတယ်ဆိုတာကိုဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ဝက်လက်မြို့နယ်ထဲက လုပ်ကြံသတ်ဖြတ်မှုတွေနဲ့တန့်ဆည်မြို့နယ်က ပကဖတွေက မိုင်းထောင်ကြေးကို မပေးတဲ့ထန်းပင်ဆိပ်ရွာက ကလေးတွေကို ကျောင်းတက်ခွင့် မပေးတာတွေ နဲ့အတူ ပဲခူးတိုင်း ပီဒီအဖ် စစ်ဌာနနယ်မြေမှာဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို
မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 27 Views
BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ သည် သူအကျဉ်းထောင်ထဲတွင်ပင် သေဆုံးလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း သူ၏ ကိုယ်တိုင် ရေး အမှတ်တရစာအုပ်တွင်
မြန်မာသတင်း

ပုတီးကုန်းမြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်း မိုင်းဆွဲပစ်ခတ်ခံရပြီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီအချိန်က ပြည်ခရိုင် ပုတီးကုန်းမြို့ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို PDF ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)ကွပ်ကဲမှုနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ် (၂)ဦး MDY-PDF ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ်