နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရှမ်းပြည်နယ် ကျေက်မဲမြို့ကို TNLA အပြီးသတ်သိမ်းပိုက်

သြဂုတ်လ (၆) ရက်။

တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းမြောက်က၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်တွေက မနေ့က ဩဂုတ် ၅ ရက်နေ့ ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကျေက်မဲမြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့အနီးရှိ အမြောက်တပ်တစ်ခုနဲ့ မြို့ပေါ်နေရာအများစုကို ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် ကျောက်မဲမြို့ရဲ့ မြောက်ဘက်မှာ ရှိတဲ့ခြေမြန်တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ (၅၀၁) နဲ့ (၅၀၂) တို့ကို အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရပြီး မနေ့ညကမှ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း အဲ့ဒီခမရတပ်ရင်း (၂) ခု မကျဖို့ အပြင်းအထန်ခုခံခဲ့ပြီး လေကြောင်းပစ်ကူတွေလည်း အမြောက်အများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်က မနက် ၅ နာရီလောက်ကနေ စတင်ပြီး ကျောက်မဲမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားနေရာတွေမှာ စစ်ကောင်စီဘက်က Y 12 ‌လေယာဉ်အမျိုးအစားနဲ့ ဗုံးအလုံးရေ ၁၀၀ နီးပါး ကြဲချခဲ့သလို ဂျက်ဖိုက်တာနဲ့လည်း လေးကြိမ်လာရောက်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး TNLA က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကျောက်မဲမြို့ဟာ TNLA သိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာမှာ တည်ရှိပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ သီပေါမြို့ကိုလည်း TNLA နဲ့ ပူးပေါင်းတပ်တွေက အပြင်းအထန် တိုက်ခိုက်နေပြီး ခလရ (၄၁၇) ရဲ့ အတွင်းစည်းအထိ ပေါက်သွားပြီလို့ မြေပြင်စစ်ရေးရင်းမြစ်က ပြောပါတယ်။ သံချပ်ကာတပ်ကိုလည်း ပိတ်ဆိုလိုက်ပြီလို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ TNLA က သိမ်းပိုက်ရရှိသွားတဲ့မြို့တွေကတော့ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့တို့ဖြစ်ပြီး သီပေါမြို့ကိုလည်း ထိန်းချုပ်ပြီးဆက်လက်တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF က စဉ့်ကူးမြို့တို့ကို သိမ်းပိုက်ရရှိထားသလို ကိုးကန့်တပ်မတော် MNDAA နဲ့ ပူးပေါင်းတပ်တွေက အရှေ.မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စစ်တပ် အလုပ်မလုပ်ဘဲ နိုင်ငံရေး၊ စီးပွားရေးတွေမှာ ဝင်ရောက်ပါဝင်နေသလို စစ်တပ်အတွင်း အကြီးအကျယ် အကျင့်ပျက် ခြစားမှုတွေကြောင့် ခိုင်မာစွာတည်ဆောက်ထားတဲ့ အင်စတီကျူးရှင်းတခု အလျင်အမြန် ပြိုပျက်လာတာကို မြင်လာနေရပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 17 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 19 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 19 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 18 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 26 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 28 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်