နိုဝင်ဘာလ (၆)ရက်။
တအာင်းပြည်ထဲ တင်သွင်းလာတဲ့ ပို့ကုန်၊ သွင်းကုန် ပစ္စည်းတွေအတွက် PSLF/TNLA က အခွန်ကင်းလွတ်ခွင့်ပြုထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ရဲ့ အကောက်ခွန်ဌာနက တအာင်းပြည်ထဲရှိ ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အခွန်ကင်းလွတ်ခွင့်ပြုတာလို့ ဆိုပါတယ်။
ဒီလိုအခွန်ကင်းလွတ်ခွင့်ပြုတာကို အောက်တိုဘာလ (၂၅)ရက်နေ့မှာ အသိပေးထုတ်ပြန်ထားတာဖြစ်ပြီး တအာင်းပြည်ထဲ တင်သွင်းတဲ့ စာသောက်ကုန်ပစ္စည်းတွေ၊ စက်သုံးဆီအမျိုးမျိုးနဲ့ အိမ်သုံးကုန်ပစ္စည်းတွေသာ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မန္တလေးကနေ တင်သွင်းလာတဲ့ သွင်းကုန်တွေအပြင် တအာင်းပြည်ထဲ အချင်းချင်း ကူးသန်းရောင်းဝယ်တာနဲ့ သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကောက်မှာမဟုတ်ဘူးလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေအပေါ်ကိုလဲ အခွန်ကင်းလွတ်ခွင့်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
ဒါပေမယ့် တအာင်းနဲ့ တရုတ်အကြား သွင်းကုန်/ပို့ကုန် ကုန်ပစ္စည်းတွေနဲ့ တအာင်းပြည်ကနေ မန္တလေးကို တင်ပို့မယ့် ကုန်ပစ္စည်းတွေကိုတော့ အခွန်ကောက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။