နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါင်းတည်မြို့မှာ PDF တွေကို ကြုံးဝါးတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရ

ဒီဇင်ဘာလ (၆)ရက်။

ဒီဇင်ဘာလ (၃)ရက်နေ့ ည(၈)နာရီခွဲအချိန်က ပေါင်းတည်မြို့၊ ဆင်လူးအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို PPDF (၃၆၀၁)တပ်ရင်းရဲ့ တပ်ခွဲ(၅)က သူတို့ရဲ့နေအိမ်မှာပဲ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ (၂)ဦးစလုံး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ရှင်းလင်းခံရတဲ့ ခင်ထွဋ်ဟာ အာဏာသိမ်းပြီးကာလ ပထမအုပ်ချုပ်ရေးမှူး နုတ်ထွက်စာတင်သွားပြီးနောက် အုပ်ချုပ်ရေးမှူး လုပ်မယ့်သူမရှိရင် သူလုပ်မယ်ဆိုပြီး ကြွေးကြော်ကာ ဆင်လူးအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်ကို ရယူခဲ့တာလို့ ဖော်ပြထားပါတယ်။

သူဟာ အုပ်ချုပ်ရေးမှူးဖြစ်တဲ့အချိန်မှာ ကြိုက်တဲ့ PDF တွေလာခဲ့ဆိုပြီး ကြိမ်းမောင်းတာ၊ အကြောင်းအမျိုးမျိုးပြပြီး ကျေးရွာအုပ်စုထဲက ပြည်သူတွေကို PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခိုင်းတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ရွာသားအများအပြား ရှောင်တိမ်းရတာ၊ အဓမ္မ စစ်သားစုဆောင်းတာမှာ သူနဲ့ သူ့ရဲ့သားဖြစ်သူတို့ဟာ အားကြိုးမာန်တက် စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ဖမ်းဆီးတာနဲ့ သန်းခေါင်စာရင်းကောက်တာမှာလဲ သားအဖနှစ်ဦး အတူလုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အခုလို အရေးယူတာမှာ အုပ်ချုပ်ရေးမှူး ခင်ထွဋ်ကိုပဲ အဓိကထား ရှင်းလင်းခဲ့ပေမယ့် သားဖြစ်သူ အောင်‌ဇော်ထွဋ်က ဘေးကနေ သေနတ်ဝင်လုတာကြောင့် နှစ်ယောက်စလုံးကို မဖြစ်မနေ ရှင်းလင်းခဲ့ရတာလို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် ဗဟန်းမြို့ရှိ Cosmetic ဆိုင်တဆိုင် လုယက်ခံရပြီး ဆိုင်ရှင်အမျိုးသမီးကို သတ်ဖြတ်မှုဖြစ်ပွား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ရန်ကုန်၊ ဗဟန်းမြို့၊ ဆရာစံမြောက်‌အရှေ့ရပ်ကွက်က Cosmetic စတိုးဆိုင်တဆိုင် လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

တောင်သာမြို့ ဇရပ်ကြီးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ (၂)ကြိမ်တိုက်ခိုက်၊ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 12 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က တောင်သာမြို့နယ် ဇရပ်ကြီးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

တောင်သာမြို့ ဇရပ်ကြီးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ (၂)ကြိမ်တိုက်ခိုက်၊ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က တောင်သာမြို့နယ် ဇရပ်ကြီးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူထုလှုပ်ရှားမှုကော်မတီထွက သိရပါတယ်။ “ ဇရပ်ကြီးရွာစာသင်ကျောင်းကို နေ့လယ် (၁၂)ခန့်မှာ လေကြောင်းကနေ တစ်ကြိမ်နဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ (၁၆၃)ဦးရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၆)ရက်။ အခု (၃)လတာကာလထဲ စစ်အုပ်စုရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးသူ (၁၆၃)ဦးရှိခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ နိုင်ငံဝတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ စုစုပေါင်း (၃၀၈)ဦး
မြန်မာသတင်း

မံစီရှိ စစ်ကောင်စီရဲ့ ခမရ(၆၀၁)တပ်စခန်းကို တေ်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီဗျူဟာမှူးအဆင့်ရှိသူတစ်ဦး ဖမ်းမိခဲ့တယ်လို့ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 24 Views
ဒီဇင်ဘာလ (၂၅)ရက်။ ဒီကနေ့ မံစီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခမရ(၆၀၁)တပ်စခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့ မံစီ (၆၀၁)ကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီလို သိရပါတယ်။ (၆၀၁)စခန်းကနေ ဗျူဟာမှူးအဆင့်ရှိတဲ့သူတစ်ဦးကို အရှင်ဖမ်းဆီးထားနိုင်ခဲ့တယ်လို့လဲ
မြန်မာသတင်း

ယောဒေသလွတ်မြောက်ဖို့ စစ်ရေးအရှိန် တိုးမြှင့်သွားမယ်လို့ ယောတပ်တော်(YA)ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၅)ရက်။ ယောဒေသလွတ်မြောက်ဖို့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်ရေးအရှိန်တိုးမြှင့်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ယောတပ်တော်(YA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ YA အနေနဲ့ ချင်းညီနောင်မှာ မတူပီမြို့သိမ်းတိုက်ပွဲကစပြီး AA၊ ချင်းညီနောင်ကာကွယ်ရေးတပ်တွေနဲ့ ယောကာကွယ်ရေးတပ်(YDF)အပါအဝင် အခြားမဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့
မြန်မာသတင်း

“ ဟောင်စု” ပရုတ်ဆီကြော်ငြာရိုက်ကူးတဲ့ ဖြူဖြူထွေးကို မြို့ပြပြောက်ကျားအဖွဲ့ သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 12 Views
ဒီဇင်ဘာလ (၂၅)ရက်။ “ ဟောင်စု” ပရုတ်ဆီကြော်ညာ ရိုက်ကူးကြော်ညာပေးခဲ့တဲ့ cele တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးကို မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Black Hero UG PDF က မနေ့က သတိပေးစာထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဒီ‌ဇင်ဘာလ (၂၃)ရက်နေ့က
မြန်မာသတင်း

ကျုံပျော်မှာ စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးဖို့ ပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 15 Views
ဒီဇင်ဘာလ (၂၅)ရက်။ ဧရာဝတီတိုင်း ကျုံပျော်ခရိုင်ရှိ မြို့နယ်တွေက ဌာနဆိုင်ရာတွေမှာ စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်ငယ်တွေတပ်ဆင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းအထူးတပ်ဖွဲ့(ပုသိမ်)ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မြို့နယ်တွေမှာရှိတဲ့ ဌာနတွေကို စကစက ဌာနတစ်ခုကို ဝန်ထမ်း(၅)ဦး စာရင်းတောင်းပြီး