မေလ (၇)ရက်။
ဆီဆိုင်မြို့နယ်ရှိ ထီဗွာကျေးရွာက ဒေသခံပြည်သူ (၉)ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအနေနဲ့ ဖမ်းဆီးထားတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဒေသခံပြည်သူ (၉)ဦးကို စစ်ကောင်စီတပ်က မေလ (၆)ရက်နေ့မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဒီကနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ထီဗွာရွာကို စစ်ကြောင်းထိုးဖို့ ကြောက်ရွံ့တာကြောင့် စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ဒေသခံတွေထဲ အမျိုးသား (၅)ဦးနဲ့ အမျိုးသမီး (၄)ဦးတို့ဖြစ်ပြီး အဲဒီအမျိုးသမီးတွေထဲ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါဝင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ကျေးရွာထဲကို ပစ္စည်းပြန်သယ်တဲ့ ထီဗွာကျေးရွာသားတစ်ဦးလဲ စစ်ဘေးရှောင်ရာနေရာကို ပြန်မရောက်လာဘဲ ပျောက်ဆုံးနေတာ (၂)ရက်ရှိပြီလို့ သိရပါတယ်။