နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 12 ရက်

1027 Operations

1027 Operations

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတဲ့အရေအတွက် ပိုများလာတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

ဇန်နဝါရီလ (၈)ရက်။

စစ်ကောင်စီရဲ့ ရှုံးမဲမဲကာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတဲ့အရေအတွက် ပိုမိုများပြားလာနေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

နှစ်ဆန်းအစောပိုင်းကစပြီး စစ်ဘောင်ကျယ်လာတာနဲ့အမျှ စစ်မျက်နှာအသီးသီးမှာ ပြန်လည်ထိုးစစ်ဆင်နိုင်စွမ်း အားနည်းလာတဲ့ စစ်ကောင်စီအဖို့ မြေပြင်ထောက်ပို့တွေကိုလည်း ဖြည့်တင်းနိုင်စွမ်းမရှိတော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အခုအချိန်မှာ လက်နက်အင်အားနဲ့ စစ်သည်အင်အားပါ ပိုမိုပြုန်းတီးလာနေကာ ရှုံးမဲမဲပြီး စစ်ရာဇဝတ်မှုကျူးလွန်တာတွေကြောင့် နိုင်ငံတစ်ဝှမ်းက အပြစ်မဲ့အရပ်သား ထိခိုက်သေဆုံးတာ ပိုမိုများပြားလာနေတာလို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ရခိုင်ဒေသထဲ စစ်ကောင်စီရဲ့ အများပြည်သူသွားလာတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်တာတွေကြောင့် ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေဟာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်နေတယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။

မနေ့က မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၃၇၇)တပ်ရင်းနဲ့ အမှတ်(၃၁)ရဲတပ်ရင်းရဲ့ အနီးကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ပုရိမ်ရွာက (၁၄)နှစ်အရွယ် မွတ်ဆလင်ကျောင်းသားတစ်ဦးနဲ့ ချောင်းသစ်ရွာက ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အလားတူ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ခါမ်းပတ်မြို့က ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် (၃)နှစ်အရွယ် ကလေးငယ် (၃)ဦးအပါအဝင် ဒေသခံ (၁၁)ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းဖို့ ညီနောင်အဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 18 Views
မတ်လ (၁၁)ရက်။ ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ TNLA နဲ့ AA တို့က ဒီကနေ့မှာကျရောက်တဲ့ MNDAA
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ရွှေလုပ်ကွက်ကို ဆန့်ကျင်တဲ့ ဒေသခံတွေကို ကိုးကန့်တပ်က သေနတ်နဲ့ပစ်၊ (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 6 ရက်
  • 20 Views
မတ်လ (၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က ကွတ်ခိုင်မြို့ မုံးစီးရွာအုပ်စုရှိ ပြိန်းခမ်းရွာအနီးက ရွှေလုပ်ကွက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့ရာ ပစ်ခတ်တာတွေ
1027 Operations မြန်မာသတင်း

တလထဲ TNLA နယ်မြေမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 2 ရက်
  • 21 Views
‌မတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ TNLA အုပ်ချုပ်တဲ့ နယ်မြေမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦး သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA အုပ်ချုပ်တဲ့ နယ်မြေတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က
1027 Operations မြန်မာသတင်း

KIA နဲ့ နယ်မြေအငြင်းပွားတဲ့ မန်တုံမှာ TNLA က လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 1 ရက်
  • 30 Views
ဆက်ဆံရေးတင်းမာ‌တာတွေ မကြီးထွားစေဖို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ TNLA စစ်ဦးစီးချုပ်ပြော မတ်လ (၁)ရက်။ မနေ့က မန်တုံမြို့ကို TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က သွားရောက်ခဲ့ပြီး လူထုတွေ့ဆုံပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် သီလရှင်တစ်ပါး ထိမှန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 1 ရက်
  • 17 Views
မတ်လ (၁)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က နောင်ချိုမြို့နယ်ရှိ ရွှေမုဋ္ဌောကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံ (၃)ကြိမ် ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုမြို့ ရွှေမုဋ္ဌောရွာကို စကစက
1027 Operations မြန်မာသတင်း

စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းရမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 43 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဖို့လိုတယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ (သို့) နိုင်ငံတခုခုက
1027 Operations မြန်မာသတင်း

မန်တုံရှိ KIA တပ်စခန်းတွေနဲ့ တိုက်နယ်ရုံးကို TNLA ဝင်ရောက်စီးနင်း၊ 

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 41 Views
KIA တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို သိမ်းယူပြီး ရိုက်နှက်ဖမ်းဆီးခဲ့ ဖေဖော်ဝါရီလ (၂၄)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်က မန်တုံမြို့နယ်ရှိ KIA တပ်စခန်း (၃)ခုနဲ့ တိုက်နယ်ရုံးတစ်ခုတို့ကို TNLA တပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ဗုံးအလုံးရေ (၃၀)ကျော် ကြဲချခံရ၊ အရပ်သား (၁)ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၃၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ညသန်းခေါင်အချိန် (၁၂)နာရီကျော်ကနေ (၁)နာရီခွဲလောက်အထိ Y-12