နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်ကို ဗိုလ်နဂါး မေးခွန်းထုတ်ဟုဆို

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။

ဇန်နဝါရီလ (၃) ရက်နေ့ကနေ (၅) ရက်နေ့အထိ ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်ရဲ့ ပထမနေ့မှာ ဗိုလ်နဂါးက မေးခွန်းတွေ မေးသွားပြီး ဝေဖန်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးသမားအချို့က ခေတ်မျက်လုံးကို ပြောပါတယ်။ နောက်ရက်တွေမှာလည်း စစ်ကိုင်းဖိုရမ်ကို ဗိုလ်နဂါးတက်ရောက်လာတာ မတွေ့ရဘူးလို့ မြေပြင်အင်အားစုတွေဆီက သိရပါတယ်။

ခေတ်မျက်လုံးက နားထောင်ခွင့်ရတဲ့ အသံဖိုင်မှာလည်း ပထမနေ့အစည်းအဝေး ပြီးဆုံးခါနီးမှာ ဗိုလ်နဂါးက သူတို့ရဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကို လေ့လာစောင့်ကြည့်သူ (Observer) အနေနဲ့ထည့်ထားတာကို ဘာကြောင့်လဲ ဆိုတာကို မေးမြန်းတာကို ကြားရပါတယ်။ (Observer)လေ့လာစောင့်ကြည့်သူအဖြစ် သတ်မှတ်လိုက်တာကြောင့် ဆွေးနွေးခွင့်တွေ၊ မဲပေးရွေးချယ်ပိုင်ခွင့်တွေပါ မရှိတော့ဘူးလို့ စစ်ကိုင်းဖိုရမ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်ရဲ့ ဒုတိယနေ့နဲ့ တတိယနေ့အစည်းအဝေးမှာ ဗိုလ်နဂါး တက်ရောက်လာခြင်း မရှိတော့ဘူးလို့ မြေပြင်တော်လှန်ရေးသမားအချို့ဆီက သိရပါတယ်။

မြေပြင်တော်လှန်ရေးသမားအချို့ကတော့ စစ်ကိုင်းဖိုရမ်ကို ဦးစီးတဲ့ ကိုစိုးဝင်းဆွေဟာ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောမြို့မှာ နေထိုင်နေတဲ့သူဖြစ်ပြီး ပြည်ပကနေ ဦးစီးနေတဲ့အဖွဲ့က စစ်ကိုင်းမြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းကို လေ့လာစောင့်ကြည့်သူ အနေနဲ့ထားတာဟာ ယုတ္တိမတန်ဘူးလို့ ပြောပါတယ်။ ဗိုလ်နဂါးကိုပညာသားပါပါ မခံချင်အောင် ဆွပေးပြီး သူ့အလိုလို စစ်ကိုင်းဖိုရမ်ကနေ ထွက်သွားအောင်လုပ်လိုက်တာလို့လဲမြင်တယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

ကိုစိုးဝင်းဆွေဟာ အိုင်ဇောမှာ နေထိုင်နေတယ်ဆိုတာ ဟုတ်မှန်တယ်လို့ အိုင်ဇောမှာ နေထိုင်တဲ့ မြန်မာနဲ့ ချင်းအသိုင်းအဝိုင်းက ခေတ်မျက်လုံးကို အတည်ပြု ပြောခဲ့ပါတယ်။ စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းယူနစ်ရှေ့ပြေးအနေနဲ့ အစုအဖွဲ့တွေ ရွေးချယ်တဲ့အခါမှာ ကိုစိုးဝင်းဆွေက ဗမာလူမျိုးစုကိုယ်စားလှယ်အနေနဲ့ယှဉ်ပြိုင်သူ မရှိဘဲ ပါဝင်လာခဲ့တာဟာလည်း ထူးခြားတယ်လို့ ဆိုကြပါတယ်။

စစ်ကိုင်းက ဗမာလူမျိုးစုကိုယ်စားလှယ်ရွေးရင် မြေပြင်မှာတိုက်နေတဲ့ဗိုလ်နဂါးက ကိုယ်စားလှယ်ဖြစ်ဖို့ အပြိုင်ဖြစ်လာနိုင်တာကြောင့် စောစောစီးစီး ကန့်ထား လိုက်တာများလားလို့ မြေပြင်အဖွဲ့တွေက ပြောပါတယ်။

ဆွေးနွေးပွဲက ထွက်မသွားခင် နိုင်ငံရေးသမားတွေ တော်လှန်ရေး လုပ်နေသူတွေအပေါ် ဖျာဝင်ခင်းတာမျိုး မဖြစ်စေချင်ဘူးလို့ ဗိုလ်နဂါးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့ ဖိုရမ်တက်ရောက်ခဲ့တဲ့ မြေပြင်အင်အားစုတွေက ပြောပြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ