နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျွန်းစုမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

မေလ (၈)ရက်။

မနေ့က နံနက်(၈)နာရီအချိန်မှာ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မြင့်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ကျော်မြင့်ဟာ သဘောင်းတောင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သလို မီးသတ်တပ်ဖွဲ့ဝင်နဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မြင့်ကို မြို့နယ်ပကဖတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ချိန်မှာ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ ကျော်မြင့်ဆီကနေ ၉မမ ပစ္စတို(၁)လက်၊ ကျည် (၂၅)တောင့်၊ လက်ထိပ် (၁)ခု၊ ငွေသား (၃)သိန်း၊ ဖုန်းတစ်လုံး၊ အုပ်ချုပ်ရေးမှူးကဒ်ပြား၊ မှတ်ပုံတင်၊ မီးသတ်ကဒ်ပြား၊ သက်သေခံပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ကျွန်းစုမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေနဲ့ ရွာတာဝန်ခံ(ရာအိမ်မှူး)တွေအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်မှုထမ်းမဲတွေ ကောက်ယူပေးနေတာ၊ ပြည်သူတွေကိုခြိမ်းခြောက်ပြီး စစ်မှုထမ်းကြေး တောင်းခံတာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။

ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်အနိုင်ကျင့်ပြုမူနေတာတွေကို လုံးဝ(လုံးဝ)ရပ်တန့်ကြဖို့နဲ့ မလိုက်နာရင် ပြင်းထန်စွာအရေးယူသွားမယ်လို့ မြို့နယ်ပကဖရဲ့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 21 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 21 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 15 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 20 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 45 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ဟာ ဇန်နဝါရီလ (၈)ရက်နေ့ကစတင်ပြီး ညွှန်ကြားချက်နဲ့ ဆန့်ကျင်ကာ မဟာမိတ်ထိန်းချုပ်ဒေသမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖယ်ရှားခံရတဲ့ အကောင့်အများစုဟာ
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 38 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့