နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်မှာကျင်းပတဲ့ အက်မက်စ်ထိပ်သီးအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌအနေနဲ့ စစ်ခေါင်းဆောင်ကို တာဝန်လွှဲပြောင်း

နိုဝင်ဘာလ (၈)ရက်။

မနေ့က တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အက်မက်စ်ထိပ်သီးအစည်းအဝေးရဲ့ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တာဝန်လွှဲပြောင်းပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်)အစည်းအဝေးမှာ လာအိုနိုင်ငံဝန်ကြီးချုပ်က အခုလို အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းခံရတဲ့ စစ်ခေါင်းဆောင်က ဒေသတွင်းဖွံ့ဖြိုးတိုးတက်ဖို့ အရင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်သလို အခြေခံကျတဲ့ မဟာဗျူဟာတွေ ရေးဆွဲပြီး ကြိုးပမ်းမယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ ရည်မှန်းချက်တွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေအားလုံး ပံ့ပိုးတာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သူက တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

လာမယ့် အက်မက်စ်ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အနေနဲ့ လက်ခံကျင်းပပြီး အဆွေတော်တို့ကို တွေ့ဆုံနိုင်မယ့် အခွင့်အလမ်းကို မျှော်လင့်စောင့်စားနေတယ်လို့လဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၀)ကြိမ်မြောက် အက်မက်စ်ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့က ဝန်ကြီးချုပ်တွေအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

‌ဒါ့အပြင် ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေအကြား ဝင်ငွေကွာဟတာ လျော့ချဖို့အပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ညီတူညီမျှ သာယာဝပြောရေးတို့ကို ဖွံ့ဖြိုးတိုးတက်မယ့် နည်းလမ်းနဲ့ တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ကျင်းပတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 8 Views
မတ်လ (၂၀)ရက်။ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်တာတွေက တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မွန်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့
မြန်မာသတင်း

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ပြီး မြန်မာအရေး ပံ့ပိုးကူညီဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 9 Views
မတ်လ (၂၀)ရက်။ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်တရပ်ကို ပံ့ပိုးကူညီဖို့
မြန်မာသတင်း အရှေ့တောင်အာရှ

တာ့ခ်ခရိုင် အကောက်ခွန်ရုံး မီးလောင်မှုတွင် သိမ်းဆည်းထားသော ယာဉ်အစီးရေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 7 Views
မတ်လ (၁၉) ရက်။ မီးလောင်မှုအား နှစ်နာရီကျော်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ယာဉ်သုံးပုံတစ်ပုံခန့် လုံးဝပျက်စီးသွားခဲ့သည်။ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲဆောက်မြို့ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှိ အကောက်ခွန် စစ်ဆေးရေးဂိတ် အနောက်ဘက်ရှိ ခြံဝင်းတွင်
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 8 Views
မတ်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်ကစပြီး ရေစကြိုမြို့နယ် ဘိစပ်ကုန်းရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၁၅)လောက်မှာ စခတွေက
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 39 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA က ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စစ်ကိုင်းဘက်ကလာတဲ့ PDF
မြန်မာသတင်း

လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” သီချင်းဗီဒီယိုထုတ်လွင့်သူတွေကို စစ်ကောင်စီ အရေးယူဖို့စီစဉ်

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 14 Views
မတ်လ (၁၉)ရက်။ ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” တေးသီချင်းဗီဒီယို ထုတ်လွှင့်သူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ လွှင့်တင်မယ့်
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းမှာ ဖမ်းမိသူတွေထဲ တရုတ်နိုင်ငံသားဆွေ အများဆုံးလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 22 Views
မတ်လ (၁၉)ရက်။ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်လာပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသားတွေထဲ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၃၀)ရက်ကနေ မတ်လ (၁၈)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင်
မြန်မာသတင်း

စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG စာပို့ထား

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 29 Views
မတ်လ (၁၉)ရက်။ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေဟာ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာပို့ပြောဆိုထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က မနေ့က Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “