နိုဝင်ဘာလ (၈)ရက်။
နိုဝင်ဘာလ (၆)ရက်နေ့ ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Rangoon Urban Column ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။
“ နိုဝင်ဘာ (၆)ရက် ည(၇)နာရီ (၁၀)မိနစ်လောက်က မင်္ဂလာဒုံ နိုင်ငံရေးမှတ်တိုင်နားက အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာရဲ့ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ စကစရဲ့ အရပ်ဝတ် (၄)ဦး ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။
အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာရဲ့ လုံခြုံရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြေပြင်ထောက်လှမ်းရေးရဲ့ သတင်းပေးပို့တာတွေအရ ထိခိုက်ဒဏ်ရာရသူ (၄)ဦးကို အိမ်ယာဝန်းထဲ ဆွဲခေါ်သွားခဲ့ပြီး အဲ့ဒီဝန်းထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဆဲဆိုသံတွေကို ကြားခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ဒီပစ်မှတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစု၊ အိမ်ထောင်သည်လိုင်းခန်းဖြစ်ပြီး လေတပ်မိသားစုဝင်တွေလဲ နေထိုင်တယ်လို့ သတင်းရရှိတာကြောင့် နောက်တန်းအထိုင်တပ်စခန်းကို တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ရှေ့တန်းမြေပြင်မှာ လက်နက်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်နေတဲ့ ဖက်ဆစ်တပ်မတော်သားတွေကို အခုလိုမျိုး အကျည်းတန်တဲ့လုပ်ရပ်တွေ ရပ်တန့်စေလိုတာကြောင့် တိုက်ခိုက်တာလို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။