နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးမောက်မြို့ကို KIA ထိန်းချုပ်နိုင်ခဲ့ကာ နယ်မြေရှင်းလင်းရေးတွေပြုလုပ်နေ

မေလ (၉)ရက်။

မနေ့က ည (၈)နာရီအချိန်ခန့်ကစပြီး မိုးမောက်မြို့ကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။

“ မိုးမောက်မြို့မှာ စစ်ကောင်စီစစ်သားတွေ ထွက်သွားပြီလို့ ကြားပါတယ်။ ၄နာရီအချိန်မှာ မိုးမောက်မြို့ကို နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ သိရပါတယ်” လို့ သူက ဆိုပါတယ်။

KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မိုးမောက်မြို့ကို မတ်လ (၇)ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၂)လအကြာမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

အခုအခါ မိုးမောက်မြို့ထဲ စစ်ကောင်စီတပ်သားတွေဟာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မြို့အပြင်က စစ်ကောင်စီလက်အောက်ခံ ခမရ(၄၃၇)တပ်စခန်းတစ်ခုသာ ကျန်ရှိတော့မယ်လို့ စစ်ရေးသတင်းတွေက ဖော်ပြထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ ဒဘတ်(တဘတ်)ချောင်းကူးတံတားကို မနေ့ညပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။

KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ လိုင်ဇာဒေသအနီးနဲ့ ဖားကန့်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ထိုးစစ်ဆင်တိုက်ခိုက်ပြီး (၂)လတာကာလထဲမှာ ကချင်ဒေသထဲက စစ်ကောင်စီရဲ့ တပ်စခန်းကြီး/ငယ် စုစုပေါင်း ၁၀၀နီးပါးအထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီကို ILO မှာ ပုဒ်မ(၃၃)နဲ့ အရေးယူဖို့ ရန်ကုန်ရှိ စက်မှုဇုန်တွေမှာ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 1 Views
မတ်လ (၁၂)ရက်။ စစ်ကောင်စီကို ILO မှာ ပုဒ်မ (၃၃)နဲ့ အရေးယူဖို့ ရန်ကုန်မြို့ရှိ စက်မှုဇုန်တွေမှာ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်တဲ့
မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်တွင်းသတင်းပေးအရဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိ

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 6 Views
မတ်လ (၁၂) ရက်။ ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွင်းသတင်းရဲ့ သတင်းပေးတာကြောင့်ဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “
မြန်မာသတင်း

စစ်ကိုင်းရှိ တပ်မ(၃၃)က ဒုတပ်ကြပ်တစ်ဦးနဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 14 Views
မတ်လ (၁၂)ရက်။ စစ်ကိုင်းရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)က ဒုတပ်ကြပ်တစ်ဦးနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦးတို့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ BNRA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၇)ရက်နေ့မှာ တပ်မ(၃၃)က စစ်ကောင်စီဒုတပ်ကြပ်
မြန်မာသတင်း

ရခိုင်မှာ စစ်အုပ်စုကြောင့် အရပ်သား (၄၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 9 Views
မတ်လ (၁၂)ရက်။ ဇန်နဝါရီလ (၁)ရက်နေ့ကနေ မတ်လ (၁၁)ရက်နေ့အထိ ရခိုင်မှာ စစ်အုပ်စုကြောင့် အရပ်သား (၄၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူ (၄၅)ဦးဟာ အမျိုးသား
မြန်မာသတင်း

မြဝတီမှာ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၅၄၀၀)ကျော်ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 6 Views
မတ်လ (၁၂)ရက်။ ဇန်နဝါရီလ (၃၀)ရက်ကစပြီး မတ်လ (၁၁)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၅၄၄၆)ဦးကို ဖော်ထုတ်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်ပနိုင်ငံသား (၅၄၀၀)ကျော်ဟာ မြဝတီမြို့နယ်ထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး
မြန်မာသတင်း

ရုရှားကပြန်ရောက်ရောက်ချင်း စစ်ခေါင်းဆောင် တရုတ်အထူးကိုယ်စားလှယ်နဲ့ နေပြည်တော်မှာတွေ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 3 Views
မတ်လ (၁၂)ရက်။ မနေ့က နေပြည်တော်မှာ တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံရာမှာ စစ်ကောင်စီတပ်က အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ်
မြန်မာသတင်း

ထားဝယ်မှာ စစ်ကောင်စီစက်လှေ ပစ်ခတ်ခံရပြီး မီးလောင်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 8 Views
မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့ ည (၁၁)နာရီအချိန်ခန့်က ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီလှေကို တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်ကနေ သရက်ချောင်း ဆင်ဖြူပြင်ဆိပ်ကမ်းဘက်ကို စုန်ဆင်းလာတဲ့ စကစရဲ့
မြန်မာသတင်း

ပုလောမြို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူ (၂)ဦး ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 7 Views
မတ်လ (၁၁)ရက်။ ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၈၅)တပ်ရင်းက တပ်သား (၂)ဦး ထွက်ပြေးအလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီတပ်သား (၂)ဦးက ပုလောအခြေစိုက် ခလရ(၂၈၅)တပ်ရင်းက၊ သိန်ခွန်းတိုက်ပွဲကနေ