နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆေးကုသမှုခံယူနေရတဲ့ ဖမ်းဆီးခံ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံမှာ ကွယ်လွန်

နိုဝင်ဘာလ (၈)ရက်။

မနေ့က ည‌ (၁၀)နာရီခန့်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံထားရတဲ့ NLD ရဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

“ သူက ဖမ်းဆီးခံထားရတဲ့အချိန် ထောင်ထဲမှာ ကျန်းမာရေးမကောင်းဘဲ အသက်ရှုမဝတာနဲ့ အဆုတ်ရောင်ရောဂါဖြစ်တာကို ဆေးကုနေရတာ။ အဲ့ဒီလို ဆေးကုနေတာကနေ မသက်သာတာကြောင့် မန္တလေးဆေးရုံကြီးက ICU မှာ ကုသနေရင်း မနေ့ညမှာပဲ ကွယ်လွန်သွားတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ ထောင်ထဲ အသက်ရှုမဝတာနဲ့ အဆုတ်ရောင်ရောဂါ‌ ခံစားရတာကြောင့် အောက်တိုဘာလ (၂၅)ရက်နေ့က မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးမသက်သာတာကြောင့် အောက်တိုဘာလ (၂၇)ရက်နေ့မှာတော့ မန္တလေးဆေးရုံကြီးရှိ ICU ထဲ ဆေးကုသမှုခံယူခဲ့ရကာ ဝန်ကြီး ဦးဝင်းခိုင်ကို အောက်တိုဘာလ (၂၈)ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

NLD ရဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို စစ်ကောင်စီက အမှု (၁၂)မှုအတွက် ထောင်ဒဏ် (၂၈)နှစ်အထိ ချမှတ်ခဲ့ကာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့အချိန်မှသာ လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး (၁၁)ရက်အကြာမှာ  ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းတုန်းကလဲ ဖမ်းဆီးအကျဉ်းချထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ကျန်းမာရေးဆိုးဝါးကာ သတိလစ်မေ့မြောနေပြီး မကွယ်လွန်ခင် (၁)ရက်အလိုမှသာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့တာပါ။

မန္တလေးဆေးရုံကြီးရှိ ICU ထဲ ဆေးကုသနေချိန် ကွယ်လွန်သွားတဲ့ အသက် (၇၀)နှစ်ရှိပြီဖြစ်တဲ့ NLD ဝန်ကြီး ဦးဝင်းခိုင်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ နံနက်ပိုင်း (၁၁)နာရီအချိန်မှာ ပုသိမ်ကြီးမြို့ ကြာနီကန်သုဿန်ကို ပို့ဆောင်သင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရမည်းသင်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 24 Views
စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန် ဧပြီလ (၉)ရက်။ ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို
မြန်မာသတင်း

ဖက်ပင်အိုင်ရွာ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 21 Views
ဧပြီလ (၉)ရက်။ မြင်းခြံမြို့ ဖက်ပင်အိုင်ရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်း ကန့်ကွက်သူမရှိဘဲ အောင်လင်းဒွေး အတည်ပြုကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 25 Views
ဧပြီလ (၉)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ
မြန်မာသတင်း

ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 24 Views
ဧပြီလ (၈)ရက်။ ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အား (၂၀၀)ခန့်နဲ့ လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၈)မိုင်အနီးကို စစ်ကြောင်းထိုးဝင်လာပြီး မိုင်တိုင်အမှတ်
မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 41 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ KIO တောင်ပိုင်း တပ်ရင်းတွေကို သွားရောက်စစ်ဆေးတာရှိပါတယ်။ အဲ့ဒီမှာ နမ့်ဖက်ကာရွာက ဒေသခံတွေ
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 33 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းရတာကြောင့် ဖမ်းဆီးခဲ့ရာ ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ လင်မယား
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 34 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 27 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး