ဇွန်လ (၂၉)ရက်။
မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း (၂)ဦးကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဖမ်းမိခဲ့တယ်လို ဆိုပါတယ်။
အဲ့ဒီထိတွေ့တိုက်ပွဲမှာ JOC အမှတ်(၁)စစ်ကြောင်းနဲ့အတူ မြိုပြပြောက်ကျားတပ် UTF တိုလဲ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကလဲ မိုးဗြဲမြိုအနီးရှိ တော်လှန်ရေးတပ်တွေရဲ့ ကာကင်းစခန်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်တပ်ဖွဲဝင် (၁၉)ဦး သေဆုံးခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်အချိုကို သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။










