နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

MOD ဒရုန်းတပ်ဖွဲ့က မွန်၊ ကရင်နဲ့ တနင်္သာရီက တော်လှန်ရေးရဲဘော်(၄၀)ခန့်ကို ဒရုန်းသင်တန်းပေး

ဇွန်လ (၁၀)ရက်။

MOD တောင်ပိုင်းတိုင်းစစ်ဒေသက စောနဂါးတပ်ဖွဲ့ ဦးဆောင်ပြီး မွန်၊ ကရင်နဲ့ တနင်္သာရီရှိ တော်လှန်ရေးရဲဘော် (၄၀)ခန့်ကို ဒရုန်းသင်တန်းပေးခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တောင်ပိုင်းတိုင်းစစ်ဒေသခွဲ(၃)ရဲ့ အပတ်စဉ်(၇) ဒရုန်းသင်တန်းဆင်းပွဲကို ဇွန်လ (၇)ရက်နေ့က မြန်မာနိုင်ငံတောင်ပိုင်း တော်လှန်ရေးနယ်မြေမှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီသင်တန်းဆင်းပွဲကို မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ခေါင်းဆောင်တွေ၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က စစ်ရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို NUG ရဲ့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ်က သဝဏ်လွှာပေးပို့ခဲ့ပြီး MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နိုင်မွန်ဆိုင်း၊ MSDF နိုင်ငံရေး/စစ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ MSRF တပ်က စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ရဲဘော်တို့အနေနဲ့ အခုလိုသင်တန်းတက်ပြီး စစ်အာဏာရှင်စနစ်ကို နည်းပညာနဲ့ စနစ်တကျ တွန်းလှန်ရမှာဖြစ်တယ်။ ဒီလူထုတော်လှန်ရေးဟာ ရဲဘော်တို့ မျိုးဆက်တွေသာမက အနာဂတ်မျိုးဆက်အတွက်လဲ လွတ်မြောက်ဖို့ဖြစ်တယ်၊ စစ်အာဏာရှင်ရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ဘူးဆိုရင် ကျနော်တို့ ပြည်သူတွေဟာ စစ်ကျွန်ဘဝမှာ ဆက်နေသွားရမှာဖြစ်တဲ့အတွက် ရဲဘော်တို့ တော်လှန်ရေးတာဝန်ကို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ထမ်းဆောင်သွားစေလိုပါတယ်” လို့ သင်တန်းဆင်းအခမ်းအနားမှာ နိုင်မွန်ဆိုင်းက မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

အဲ့ဒီဒရုန်းသင်တန်းကို (၄၅)ရက်ကြာ သင်ကြားပေးခဲ့ပြီး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ သင်ကြားခဲ့တဲ့အပေါ် ချီးကျူးကြောင်းနဲ့ အခုပင်ပန်းတာတွေက နောင်တချိန် တိုက်ပွဲဝင်တဲ့အခါ အထူးပဲအရေးပါမှာဖြစ်တယ်လို့ ဒေါက်တာသီရိမွန်ချမ်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒရုန်းသင်တန်းကို မွန်ပြည်အခြေစိုက် MSDF နဲ့ MSRF က သင်တန်းသူ/သားတွေအပြင် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က တော်လှန်ရေးတပ်ဖွဲ့ (၄၀)ခန့် တက်ရောက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 36 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 29 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 30 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 24 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး
မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး အလင်းဝင်လာတဲ့ စကမတပ်သားက ခင်ဦးမြို့နယ် အထကမှာ အထိုင်ချတပ်စွဲနေတာ။ သူက UG အဖွဲ့နဲ့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 24 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။ “ မုံရွာ နမခဘက်ကနေ အသေခံဒရုန်းတစီးနဲ့ ဒီပဲယင်းနယ်အနောက်ခြမ်း အင်ပင်ရွာထဲကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 131 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 24 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။