နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ကြောင့် မန္တလေး-မုံရွာလမ်းက ဂိတ်တွေကို စစ်ကောင်စီ ပြန်လည်စိုးမိုးထားတယ်လို့ ဒေသခံတွေဆို

+++++++++++++++++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၉) ရက်။

ပြီးခဲ့တဲ့ရက်သတင်းပတ်က မြေပြင်မှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ မြေပြင်သတင်းထောက်က မန္တလေး-မုံရွာလမ်းက ဂိတ်တွေကို စစ်ကောင်စီ ပြန်လည်စိုးမိုးထားတယ်လို့ ပြောပါတယ်။

အဲ့ဒီဂိတ်တွေက စစ်ကိုင်းနှာပေါက်တံတားတိုးဂိတ်၊ စစ်ကိုင်းတံတားဂိတ်၊ စစ်ကိုင်းမြို့အထွက်တိုးဂိတ်၊ အုံးချောဂိတ် (အုံးချောတစ်ခုလုံး အထပ်မြင့်တိုက်တွေမှာ ဘန်ကာတွေနဲ့ နေရာယူထား)၊ နှုန်းတွင်းဓမ္မသီတဂူကျောင်းပေါက်၊ ညောင်ပင်ဝန်းရွာစခန်းပေါက်၊ ညောင်ပင်ဝန်းရွာအထွက်ဂိတ်၊ ထီးဆောင်းဂိတ်၊ ပျော့ရွာ၊ ဝမ်းပြည့်၊ ရေဦးဆီဆိုင်နားဂိတ်၊ Max ဆီဆိုင်နဲ့ တို့မြန်မာဆီဆိုင် မျက်နှာချင်းဆိုင်ဂိတ်၊ ရေးပိုးစားဂိတ်၊ မြောင်ကျောက်နဂါးလမ်းခွဲဂိတ်၊ ချောင်းဦးမြို့အဝင်ဂိတ်၊ ချောင်းဦးမြို့ထဲလမ်းထိပ်ဂိတ်၊ ချောင်းဦးအထွက် ဆည်မြောင်းဝင်းအနီးဂိတ်၊ မြပုလဲဆိုင်ဂိတ်၊ ခင်မွန်ဓမ္မတောရကျောင်းအနီးဂိတ်၊ မုံရွေးဂိတ်၊ တောပုရွာဆိုင်းဘုန်းအနီးဂိတ်၊ ပရစ်ကုန်မြောက်ရွာဇရပ်ဂိတ်၊ စွမ်းရည်ထက်ဆီဆိုင်ဂိတ်၊ အနောက်မြောက်တိုင်းအဝင်အနီးဂိတ်၊ ကုန်းလမ်းပို့ဆောင်ရေးရုံးအနီးဂိတ်၊ ကားကြီးကွင်း ဘေးဂိတ်၊ အောင်သုခကျောင်းအနီးဂိတ်၊ အောင်သစ္စာဈေးဆိုင်အနီးဂိတ် စုစုပေါင်း ၂၈ ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်နေရာဝင်ယူထားတယ်လို့ ပြောပါတယ်။

အရင်က အဲ့ဒီဂိတ်တွေမှာ NUG လက်အောက်ခံမဟုတ်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားကာ စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် ကားတစ်စီးကို ငွေနှစ်ထောင်ကျပ် (၂၀၀၀ကျပ်) ကောက်ယူခဲ့တယ်လို့ ပြောပါတယ်။

အဲ့ဒီလို ကောက်ယူနေတာကို NUG ဘက်က ဖမ်းဆီးအရေးယူမယ်လို့ ပြောပြီး ခြိမ်းခြောက်လာတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အထဲကို ပြန်ဝင်သွားတဲ့အတွက် လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ဝင်ရောက်နေရာယူလာတာလို့ ဒေသခံတွေကလည်း ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာလည်း စစ်ဆေးရေးဂိတ်တွေ ပိတ်သိမ်းခံရလို့ဆိုကာ ဖုတ္ထန်းတောကျေးရွာမှာ ရွာခံတွေက ဆန္ဒပြနေကြပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဂိတ်တွေ မဖွင့်ရန်၊ ဂိတ်တွေ ဖွင့်ပါကလည်း ခရိုင်ကွက်ကဲရေးရုံးရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ရမှာဖြစ်ကာ လုံခြုံရေး၊ စစ်ဆေးရေးအတွက်သာဖြစ်ပြီး ပိုက်ဆံမကောက်ခံရဘူးလို့ MOD၊ NUG က ညွှန်ကြားထားတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၁၂) က ကိုလူအေးက မြေလတ်မီဒီယာမှာ ဖြေဆိုထားပါတယ်။

NUG အနေနဲ့ သူတို့လက်အောက်ခံတပ်ရင်းတွေနဲ့ ခရိုင်၊ မြို့နယ် ပသုံးလုံးတွေကိုတော့ အခွန်ကောက်ခွင့် ကားတစ်စီး သောင်းချီ၊ သိန်းချီ ကောက်ခွင့်ပေးထားပြီး ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် ကားတစ်စီး ၂၀၀၀ ကောက်ခံတာကိုတော့ ခွင့်မပြုဘူးဆိုတာ တော်လှန်ရေးသမား အချင်းချင်း အင်အားကြီးအုပ်စုက အင်အားနည်းတဲ့အုပ်စုကို အနိုင်ကျင့်တာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

NUG အောက်ကမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့လေးတွေကို ဂိတ်မဖွင့်ရဂိတ်ကြေးမကောက်ရဆိုတာက ပြည်သူတွေကို အဆင်ပြေအောင် သွားလာခွင့်ရစေချင်လို့ဖြစ်တယ် ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုဖြစ်နေတာက ကာကွယ်ရေးအဖွဲ့တွေကို ဘေးဖယ်ခိုင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ဝင်ရောက်နေရာယူလာတာကိုတော့ ကာကွယ်မပေးနိုင်ဘူးဆိုတာတော့ မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

May be an image of map and text

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC
မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
နိုဝင်ဘာလ (၂၅)ရက်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့
မြန်မာသတင်း

ရုရှားကပေးပို့တဲ့ စာနာမှုအကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်လာပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 1 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရုရှားနိုင်ငံကပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ဖို့အတွက် ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်
မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 7 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း အပြန်အလှန် လေးစားတာ၊ နားလည်စာနာတာတို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 10 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ တိုက်တွန်းထားချက်အရ သိရပါတယ်။ နိုင်ငံကို ချစ်မြတ်နိုးတဲ့ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်စွာနဲ့ လူထုကို
မြန်မာသတင်း

ကြို့ပင်ကောက်မြို့က စစ်ကောင်စီသတင်းပေး ပျုစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 8 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၁၅)မိနစ်ခန့်က ကြို့ပင်ကောက်မြို့မှာ ပျုစောထီးတစ်ဦးဖြစ်တဲ့ ထွန်းမင်းစိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dragon Brothers(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ကြို့ပင်ကောက် နဂါးနီလမ်းမှာနေတာ။ ပြီးတော့
မြန်မာသတင်း

လက်ပံတန်းမြို့ သာယာကုန်းရဲစခန်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 11 Views
နိုဝင်ဘာလ (၂၄)ရက်။ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၅)နာရီအချိန်က လက်ပံတန်းမြို့၊ မှော်အင်းတိုက်နယ်ရှိ သာယာကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီး တော်လှန်ရေးတပ်ပေါင်းစုအသွင်နဲ့
မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသမှာ တပတ်ထဲ စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 7 Views
နိုဝင်ဘာလ (၂၄)ရက်။ အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်  လိပ်ပေါရွာမှာ ပြည်သူတစ်ဦး သေဆုံးခဲ့တာအပါအဝင် ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လို့