နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ကြောင့် မန္တလေး-မုံရွာလမ်းက ဂိတ်တွေကို စစ်ကောင်စီ ပြန်လည်စိုးမိုးထားတယ်လို့ ဒေသခံတွေဆို

+++++++++++++++++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၉) ရက်။

ပြီးခဲ့တဲ့ရက်သတင်းပတ်က မြေပြင်မှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ မြေပြင်သတင်းထောက်က မန္တလေး-မုံရွာလမ်းက ဂိတ်တွေကို စစ်ကောင်စီ ပြန်လည်စိုးမိုးထားတယ်လို့ ပြောပါတယ်။

အဲ့ဒီဂိတ်တွေက စစ်ကိုင်းနှာပေါက်တံတားတိုးဂိတ်၊ စစ်ကိုင်းတံတားဂိတ်၊ စစ်ကိုင်းမြို့အထွက်တိုးဂိတ်၊ အုံးချောဂိတ် (အုံးချောတစ်ခုလုံး အထပ်မြင့်တိုက်တွေမှာ ဘန်ကာတွေနဲ့ နေရာယူထား)၊ နှုန်းတွင်းဓမ္မသီတဂူကျောင်းပေါက်၊ ညောင်ပင်ဝန်းရွာစခန်းပေါက်၊ ညောင်ပင်ဝန်းရွာအထွက်ဂိတ်၊ ထီးဆောင်းဂိတ်၊ ပျော့ရွာ၊ ဝမ်းပြည့်၊ ရေဦးဆီဆိုင်နားဂိတ်၊ Max ဆီဆိုင်နဲ့ တို့မြန်မာဆီဆိုင် မျက်နှာချင်းဆိုင်ဂိတ်၊ ရေးပိုးစားဂိတ်၊ မြောင်ကျောက်နဂါးလမ်းခွဲဂိတ်၊ ချောင်းဦးမြို့အဝင်ဂိတ်၊ ချောင်းဦးမြို့ထဲလမ်းထိပ်ဂိတ်၊ ချောင်းဦးအထွက် ဆည်မြောင်းဝင်းအနီးဂိတ်၊ မြပုလဲဆိုင်ဂိတ်၊ ခင်မွန်ဓမ္မတောရကျောင်းအနီးဂိတ်၊ မုံရွေးဂိတ်၊ တောပုရွာဆိုင်းဘုန်းအနီးဂိတ်၊ ပရစ်ကုန်မြောက်ရွာဇရပ်ဂိတ်၊ စွမ်းရည်ထက်ဆီဆိုင်ဂိတ်၊ အနောက်မြောက်တိုင်းအဝင်အနီးဂိတ်၊ ကုန်းလမ်းပို့ဆောင်ရေးရုံးအနီးဂိတ်၊ ကားကြီးကွင်း ဘေးဂိတ်၊ အောင်သုခကျောင်းအနီးဂိတ်၊ အောင်သစ္စာဈေးဆိုင်အနီးဂိတ် စုစုပေါင်း ၂၈ ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်နေရာဝင်ယူထားတယ်လို့ ပြောပါတယ်။

အရင်က အဲ့ဒီဂိတ်တွေမှာ NUG လက်အောက်ခံမဟုတ်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားကာ စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် ကားတစ်စီးကို ငွေနှစ်ထောင်ကျပ် (၂၀၀၀ကျပ်) ကောက်ယူခဲ့တယ်လို့ ပြောပါတယ်။

အဲ့ဒီလို ကောက်ယူနေတာကို NUG ဘက်က ဖမ်းဆီးအရေးယူမယ်လို့ ပြောပြီး ခြိမ်းခြောက်လာတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အထဲကို ပြန်ဝင်သွားတဲ့အတွက် လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ဝင်ရောက်နေရာယူလာတာလို့ ဒေသခံတွေကလည်း ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာလည်း စစ်ဆေးရေးဂိတ်တွေ ပိတ်သိမ်းခံရလို့ဆိုကာ ဖုတ္ထန်းတောကျေးရွာမှာ ရွာခံတွေက ဆန္ဒပြနေကြပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဂိတ်တွေ မဖွင့်ရန်၊ ဂိတ်တွေ ဖွင့်ပါကလည်း ခရိုင်ကွက်ကဲရေးရုံးရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ရမှာဖြစ်ကာ လုံခြုံရေး၊ စစ်ဆေးရေးအတွက်သာဖြစ်ပြီး ပိုက်ဆံမကောက်ခံရဘူးလို့ MOD၊ NUG က ညွှန်ကြားထားတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၁၂) က ကိုလူအေးက မြေလတ်မီဒီယာမှာ ဖြေဆိုထားပါတယ်။

NUG အနေနဲ့ သူတို့လက်အောက်ခံတပ်ရင်းတွေနဲ့ ခရိုင်၊ မြို့နယ် ပသုံးလုံးတွေကိုတော့ အခွန်ကောက်ခွင့် ကားတစ်စီး သောင်းချီ၊ သိန်းချီ ကောက်ခွင့်ပေးထားပြီး ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် ကားတစ်စီး ၂၀၀၀ ကောက်ခံတာကိုတော့ ခွင့်မပြုဘူးဆိုတာ တော်လှန်ရေးသမား အချင်းချင်း အင်အားကြီးအုပ်စုက အင်အားနည်းတဲ့အုပ်စုကို အနိုင်ကျင့်တာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

NUG အောက်ကမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့လေးတွေကို ဂိတ်မဖွင့်ရဂိတ်ကြေးမကောက်ရဆိုတာက ပြည်သူတွေကို အဆင်ပြေအောင် သွားလာခွင့်ရစေချင်လို့ဖြစ်တယ် ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုဖြစ်နေတာက ကာကွယ်ရေးအဖွဲ့တွေကို ဘေးဖယ်ခိုင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ဝင်ရောက်နေရာယူလာတာကိုတော့ ကာကွယ်မပေးနိုင်ဘူးဆိုတာတော့ မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

May be an image of map and text

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို