နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း (၇၆)မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား၊ စစ်ကောင်စီ လုံး၀ပြိုကျနေပြီလို့ NUG ယာယီသမ္မတပြော

ဩဂုတ်လ (၁၀)ရက်။

နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း (၇၆)မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ကာ စစ်ကောင်စီ လုံး၀ ပြိုကျနေပြီလို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ “ ပြည်သူများသို့ အောင်စကား” အစီအစဉ်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ အခုဆို တကယ့်စစ်ဌာနချုပ် ရမခ လားရှိုးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီး အုပ်ချုပ်နေပါပြီ၊ ဒါတွေဟာ ဘယ်လိုမှ ငြင်းမရတဲ့ အောင်ပွဲတွေဖြစ်ပါတယ်။ဒါကြောင့် စစ်ကောင်စီဟာ လုံး၀ ပြိုကျနေပါပြီ။ သူတို့စိတ်ဓါ‌တ်ရေးရာ လုံး၀မရှိတော့ပါဘူး၊ စစ်တိုက်နိုင်တဲ့ စွမ်းအားလဲ မရှိတော့ပါဘူ” လို့ သူက ဆိုပါတယ်။

အခုလို ဖက်ဆစ်စစ်တပ် ပြိုလဲနေတာကို စစ်လော်ဘီတွေက ပြည်သူတွေကို အမျိုးမျိုး ဝေဝါးအောင် ပြောဆိုနေကြပြီး လုံး၀မယုံကြဖို့နဲ့ ကမ္ဘာကလဲ မယုံတော့သလို တော်လှန်ရေးဟာ သေချာပေါက်အနိုင်ရရှိတော့မယ်လို့ ယာယီသမ္မတက အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးသာမက နိုင်ငံတကာ ဆက်ဆံရေးမှာလဲ ဘယ်သူမှ မဆက်ဆံချင်တဲ့ အနေအထားဖြစ်နေကာ စီးပွားရေးမှာလဲ တခါမှ မကြုံဖူးလောက်တဲ့ နလန်မထူနိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ တကယ်သာသတ္တိရှိတဲ့အမျိုးသား ဖြူစင်တဲ့ ယောင်္ကျားကောင်းဆိုရင်တော့ ငါမှားပါပြီ၊ သတ်ရင်လဲ သတ်လိုက်ပါတော့၊ ပြည်သူ‌ကို အာဏာပြန်အပ်တဲ့ ပြောသင့်တဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်က ရူးနေတဲ့အတွက် သူက အဲ့လိုပြောမှာမဟုတ်ပါဘူး၊ နောက်ဆုံး သေခါနီးအထိ ခေါင်းမာနေမှာဖြစ်တယ်” လို့ ယာယီသမ္မတက ထပ်မံပြောပါတယ်။

တိုင်းရင်းသားတွေအားလုံး ပါ၀င်နေတဲ့ နွေဦးတော်လှန်ရေးဟာ သွေးစည်းညီညွတ်တဲ့ တော်လှန်ရေးဖြစ်တာကြောင့် အောင်မြင်မှု ပမာဏ ကြီးမားကာ မင်းအောင်လှိုင် သေချာပေါက်ရှုံးမှာဖြစ်တယ်လို့ ယာယီသမ္မတရဲ့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 6 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့
မြန်မာသတင်း

ကြို့ပင်ကောက်မြို့က စစ်ကောင်စီသတင်းပေး ပျုစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 8 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၁၅)မိနစ်ခန့်က ကြို့ပင်ကောက်မြို့မှာ ပျုစောထီးတစ်ဦးဖြစ်တဲ့ ထွန်းမင်းစိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dragon Brothers(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ကြို့ပင်ကောက် နဂါးနီလမ်းမှာနေတာ။ ပြီးတော့
မြန်မာသတင်း

လက်ပံတန်းမြို့ သာယာကုန်းရဲစခန်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 10 Views
နိုဝင်ဘာလ (၂၄)ရက်။ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၅)နာရီအချိန်က လက်ပံတန်းမြို့၊ မှော်အင်းတိုက်နယ်ရှိ သာယာကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီး တော်လှန်ရေးတပ်ပေါင်းစုအသွင်နဲ့
မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသမှာ တပတ်ထဲ စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 7 Views
နိုဝင်ဘာလ (၂၄)ရက်။ အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်  လိပ်ပေါရွာမှာ ပြည်သူတစ်ဦး သေဆုံးခဲ့တာအပါအဝင် ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လို့
မြန်မာသတင်း

ကိုဗစ်-၁၉ရောဂါ တိုင်းရင်းဆေးနဲ့ ကုသတာအောင်မြင်ခဲ့တယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 6 Views
နိုဝင်ဘာလ (၂၄)ရက်။ ကိုဗစ်-၁၉ရောဂါ တိုင်းရင်းဆေးနဲ့ ကုသနိုင်ဖို့ သုတေသနပြုလုပ်ရာမှာ အောင်မြင်ခဲ့တယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက တိုင်းရင်းဆေးသမားတော်တွေညီလာခံမှာ ပြောဆိုခဲ့တယ်လို့ မနေ့ကထုတ်တဲ့ စစ်ကောင်စီသတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားချိန် တိုင်းရင်းဆေးနဲ့ ကုသနိုင်ဖို့အတွက် တိုင်းရင်းဆေးဖုံ(ဝိသမအဖျားပျောက်ဆေး)ရဲ့ အကျိုးထိရောက်တာကို
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်၊ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 10 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က ည (၁၂)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့ရှိ ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 12 Views
နိုဝင်ဘာလ (၂၃)ရက်။ ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ယောအလင်းတန်းကို ပြောဆိုထားချက်အရ သိရပါတယ်။ “ ဟုတ်ပါတယ်။ KKG ရင်း(၄)က lo