ဩဂုတ်လ (၁၀)ရက်။
ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်မှာ စလင်းမြို့နယ်ရှိ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။
စလင်းမြို့မရဲစခန်းကို ဒရုန်းအသုံးပြုပြီး ရဲစခန်း အနောက်မြောက်ဘက် (၁)မိုင်ခန့်အကွာရှိ အမြင့်ပေ (၁၀၀၀)ခန့်ကနေ ဗုံးသီး (၂)လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
စလင်းရဲစခန်း ဗုံးသီးကြဲချတိုက်ခိုက်ခံရတာကြောင့် ရဲစခန်းထဲက (၆)ခန်းတွဲ (၂)ထပ်အဆောက်အဦအနီးနဲ့ စခန်းရုံးနဲ့ ပေ (၁၅၀)ခန့်အကွာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စလင်းမြို့ရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲ လူထိခိုက်သေဆုံးတာမရှိဘူးလို့ သိရကာ အဆောက်အဦအချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
အခုလို စလင်းမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။