နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကချင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့ နီးကပ်စွာ ဆက်လက်ပူးပေါင်းသွားမယ်လို့ NUG ပြော

ဩဂုတ်လ (၁၀)ရက်။

ကချင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့ အနီးကပ် ဆက်လက်ပူးပေါင်းသွားမယ်လို့ NUG ရဲ့ (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့မှာ ပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ NUG အနေနဲ့ ကချင်တိုင်းရင်းသားပြည်သူတွေနဲ့အတူ ၀မ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

ကချင်လူမျိုးတွေရဲ့ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် နွေဦးတော်လှန်ရေးအပါအ၀င် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေမှာ ပေးဆပ်ခဲ့ကြတဲ့ ကချင်ခေါင်းဆောင်ကြီးတွေ၊ ကချင်ပြည်သူနဲ့ KIO/KIA ရဲဘော်ရဲဘက်တွေရဲ့ စွန့်လွှတ်အနစ်နာခံ၊ သစ္စာစောင့်သိတာတို့ကို လေးစားအောက်မေ့ သတိရမိတယ်လို့ ဖော်ပြထားပါတယ်။

ကချင်အမျိုးသားတွေ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့ ကချင်တော်လှန်ရေးဟာ အခု (၄၉)နှစ်တိုင်တိုင် ကချင်တော်လှန်ရေးတပ်ဦးဖြစ်တဲ့ KIA/KIO ကို ညီညွတ်စွာနဲ့ စုစည်းပြီး ဆက်လက်ချီတက်နိုင်ခဲ့ကြတာကို ဂုဏ်ယူလေးစားတယ်လို့ ရေးသားထားပါတယ်။

ကချင်ဒေသအပါအ၀င် မြန်မာတနိုင်ငံလုံး အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ကနေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေနဲ့ ပြည့်၀တဲ့ နိုင်ငံသစ်တခု အမြန်ဆုံးထူထောင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။

KIO/KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် (GOC-Lahtaw Zau Send) လုပ်ကြံခံခဲ့ရတဲ့နေ့ဖြစ်တဲ့ ဩဂုတ်လ (၁၀)ရက်ကို ၀မ်းနည်းဖွယ်အထိမ်းအမှတ် ကချင်အာဇာနည်နေ့အနေနဲ့ သတ်မှတ်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 51 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 36 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး