နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြင်ဦးလွင်နဲ့ မန္တလေးက စစ်ဘေးရှောင်လာသူတွေကြောင့် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် ဂယက်ထနေ

ဩဂုတ်လ (၁၀) ရက်။

တိုက်ပွဲတွေကြောင့် ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့တို့က စစ်ဘေး‌ရှောင်လာတဲ့သူတွေ များလာတဲ့အတွက် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် ဂယက်ထနေပြီး အငှားဈေးကွက်ဖြစ်ပေါ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူတွေထံက သိရပါတယ်။

“ အခုရက်ပိုင်းက ပြင်ဦးလွင်နဲ့ မန္တလေးဘက်က စီးပွားရေးသမားတွေနဲ့ ပိုက်ဆံရှိတဲ့သူတွေ စစ်ရှောင်တဲ့ပုံစံနဲ့ ရန်ကုန်မြို့ကို လာကြတာများတော့ ရန်ကုန်အိမ်ခြံမြေက တော်တော်လေးကို ဂယက်ထနေတာ၊ ဈေးလဲတော်တော်ဖြစ်ပြီး ပွဲစားတွေလဲ ခြေရှုပ်နေကြတယ်” လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ပြင်ဦးလွင်နဲ့ မန္တလေးမြို့တို့ကနေ စစ်ဘေးရှောင်လာတဲ့သူတွေဟာ လူကုံထံ ငွေကြေးချမ်းသာတဲ့ လူတန်းစားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများဆုံးဖြစ်ပြီး ရန်ကုန်မြို့က အချက်အချာကျတဲ့နေရာတွေက ကွန်ဒိုတွေနဲ့ လုံးချင်းအိမ်ရာတွေကို အများဆုံး ငှားရမ်းနေကြတာလို့ သိရပါတယ်။

“ အများဆုံးကတော့ ရှမ်းတရုတ်တွေနဲ့ စီးပွားရေးသမားတွေများတယ်။ သူတို့က ရန်ကုန်က အချက်အချာကြတဲ့ နေရာတွေက ကွန်ဒိုတွေ လုံးချင်းအိမ်ရာတွေကို လချုပ်တွေနဲ့ တလကို သိန်း ၃၀၊ ၅၀၊ ၇၀ လောက်နဲ့ လချုပ်တွေ ငှားနေကြတာ။ Golden City လို ကွန်ဒိုမှာတောင် အခုအခန်းတွေပြည့်သွားပြီ” လို့ သူက ဆက်ပြောပါတယ်။

ဒီလိုစစ်ဘေးရှောင်လာတဲ့သူတွေထဲ ရှမ်းတရုတ်တွေလဲ ပါ၀င်ကာ ရန်ကင်း၊ တောင်ဥက္ကလာပ၊ သာကေတနဲ့ လှိုင်သာယာမြို့နယ်တို့ရှိ ကွန်ဒိုနဲ့ လုံးချင်းအိမ်ရာများကို လချုပ်အနေနဲ့ ငှားရမ်းတာတွေများလာပြီး အိမ်ခြံမြေဈေးကွက်လဲ ဈေးပိုဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ပြင်ဦးလွင်နဲ့ မန္တလေးမြို့တို့ကနေ ငွေကြေးချမ်းသာသူ‌တွေဟာ ရန်ကုန်မြို့ကို ကြိုတင်တိမ်းရှောင်လာကြတာဖြစ်သလို ငွေကြေးမပြည့်စုံတဲ့ ဒေသခံ အခြေခံလူတန်းစားတွေကတော့ နီးစပ်ရာရပ်ရွာတွေကို တိမ်းရှောင်နေကြရပါတယ်။

“ ပိုက်ဆံရှိတဲ့သူတွေကတော့ ရန်ကုန်မြို့က luxury ဆန်တဲ့နေရာတွေကို မိသားစုလိုက် ပြောင်းလာကြတာပေါ့။ ပိုက်ဆံမတတ်နိုင်တဲ့သူတွေကတော့ အဆင်ပြေသလို နေနေကြရတာ။ ဒါကလဲ စကစကြောင့် အခုလိုမျိုးတွေဖြစ်နေရတာ။ စကစမရှိမှပဲ ဒါတွေက ပြီးသွားမှာပါ။ ဒါကိုအခွင့်ကောင်းယူပြီး အိမ်ခြံမြေပွဲစားတွေကလဲ ဈေးတွေအဆမတန်လုပ်တာရှိတယ်၊ လောဘသမားတွေကတော့ အချိန်တန်ရင် သူ့လမ်းသူသွားမှာပါ” လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

အခုလို နယ်မြို့တွေကနေ ဘေးလွတ်ရာကို တိမ်းရှောင်လာမယ့် ငွေကြေးမပြည့်စုံတဲ့ စစ်ဘေးရှောင်တွေကိုလဲ ရန်ကုန်ရှိ မှော်ဘီ၊ တိုက်ကြီးနဲ့ လှည်းကူးမြို့တို့က မြို့ခံအချို့က အကူအညီပေးတဲ့အနေနဲ့ ခြံ၀န်းထဲလာရောက်နေထိုင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားဖိတ်ခေါ်တာတွေရှိနေပါတယ်။

ပြီးခဲ့ရက်ပိုင်းကလဲ ပြင်ဦးလွင်မြို့ကနေ ကားထောင်နဲ့ချီပြီး မန္တလေးမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြသူတွေရှိကာ အဲ့ဒီထဲမှာ စစ်ကောင်စီတပ်မိသားစု၀င်တွေလဲ ပါ၀င်ပြီး အခုရက်ပိုင်းထဲ ရန်ကုန်ရှိ သာကေတမြို့ကို ရောက်လာတာတွေရှိတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 50 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 36 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး