နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

1027 Operations

1027 Operations မြန်မာသတင်း

အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို မှတ်တမ်းတင်ထားတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

စက်တင်ဘာလ (၁၀)ရက်။

အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးစစ်ကောင်စီဟာ သူတို့ရဲ့ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ အစရှိတဲ့ စစ်တိုင်းဌာနချုပ်တွေ၊ ရဲတပ်ရင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းတွေအပါအ၀င် မြို့၊ ရွာ အများအပြားကို နေ့တိုင်းလိုလို လက်လွှတ်ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

ညီနောင် (၃)ဖွဲ့အပါအ၀င် အခြား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေရှိ အပြစ်မဲ့ပြည်သူတွေရှိတဲ့ နေရာတွေ၊ လူနေထူထပ်တဲ့ နေရာတွေနဲ့ စစ်ရှုံးပြီး စွန့်လွှတ်ခဲ့ရတဲ့ စခန်းဟောင်းတွေကို လေကြောင်းကနေ နေ့၊ ညမရွေး ဗုံးကြဲနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရှုံးစစ်ကောင်စီရဲ့ အခုလို လေကြောင်းတိုက်ခိုက်တာတွေထဲ အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်၀န်ဆောင်တွေ၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူတွေအပါအ၀င် စစ်သုံ့ပန်းအနေနဲ့ရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့၀င်တွေနဲ့ မိသားစု၀င်တွေပါ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ရေးသားထားပါတယ်။

အခုလို စစ်ရှုံးစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေထဲ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူ ၀မ်းနည်းရပြီး စစ်ရှုံးစစ်ခေါင်းဆောင်တွေရဲ့ အမိန့်ပေးခံရတဲ့ လေသူရဲတွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေမှာ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဖက်ဆစ်စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်တွေကို သတိထားစောင့်ကြည့်ထားကြဖို့နဲ့ ပြည်သူတွေအနေနဲ့ စစ်ရှုံးစစ်ကာင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို သတိထားကြဖို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 13 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 13 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 17 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ
မြန်မာသတင်း

တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူမယ်လို GZA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို Generation Z Army ရဲ့ ဒီကနေ့မှာ အသိပေးကြေညာထားတယ်လို သိရပါတယ်။ GZA ရဲ့ ရဲဘော် (၈)ဦးဟာ တပ်ပိုင် လက်နက်ခဲယမ်း၊
မြန်မာသတင်း

ကျွန်းလှမြို့မှာ ရွှေဖောင်တွေ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 15 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၅)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က ကျွန်းလှမြို့ သဖန်းဆိပ်ဆည်ရေပြင်ထဲရှိ ရွှေဖော်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ ဟုမ္မလင်းလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ သဖန်းဆိပ်ဆည်ရေပြင်ထဲက ရွှေဖောင်တွေကို (၃)ကြိမ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 30 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ စစ်ကော်မရှင်တပ် စုဆောင်းလေ့ကျင့်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀)အထိကို သင်တန်းဆင်းတပ်သား (၁)သိန်းနီးပါးရှိလာတာလို
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 24 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ တိုက်တွန်းချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီစာထဲ MNDAA နဲ့ TNLA ခေါင်းဆောင်တွေအနေနဲ့
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 27 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်