နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ့အားကစား ပြန်လည်ဦးမော့လာပြီဆိုပြီး စစ်ခေါင်းဆောင်ပြောပြန်

ဒီဇင်ဘာလ (၁၀)ရက်။

အခုအခါ နိုင်ငံရဲ့အားကစားအဆင့်အတန်းဟာ ပြန်လည်ဦးမော့လာပြီဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားအားကစားပွဲဖွင့်ပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်ထက် အားကစားကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်ပေးနေတာကြောင့် အခုအချိန်မှာ နိုင်ငံရဲ့အားကစားအဆင့်အတန်းဟာ ပြန်လည်ဦးမော့လာပြီး တိုးတက်အောင်မြင်မှုရှိလာတာလို့ ဆိုပါတယ်။

အခုလို တိုးတက်အောင်မြင်တာကို ကျေနပ်မနေဘဲ အခုထက် ပိုပြီးအောင်မြင်အောင်၊ မြန်မာ့အားကစား ရွှေရောင်လွှမ်းခဲ့တဲ့ အတိတ်က အောင်မြင်မှုတွေရအောင် “ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမယ်” ဆိုတဲ့အတိုင်း ကြိုးပမ်းဖို့ တိုက်တွန်းထားပါတယ်။

“ ပထမတော့ စီးပွားရေး ဦးမော့လာပြီဆိုပြီး ပြောတာပေါ့၊ အခုတော့ တနေ့တမျိုးမရိုးရအောင် အားကစားဘက်လှည့်ပြီး ဦးမော့ခိုင်းတာ။ စကစလက်ထက်မှာ နိုင်ငံက ရစရာ‌မရှိအောင် ကဏ္ဍပေါင်းစုံ အဘက်ဘက်က ယိုယွင်းပျက်စီးနေတာကို သူ့မှာ ကယောင်ခြောက်ခြားတွေနဲ့ ပြောချင်ရာတွေပြောနေတာ။ စစ်ကလဲ တိုက်တိုင်းရှုံးနေတော့ ဘာမှမသိနားမလည်ဘဲ ပြောချင်ရာပြောနေတဲ့ပုံစံဖြစ်နေတာ” လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။

နောက်ပြီး အားကစားကဏ္ဍ တိုးတက်အောင်မြင်ဖို့ ဆောင်ရွက်တာမှာ ဝန်ကြီးဌာနတစ်ခုထဲ ဆောင်ရွက်ဖို့ အခက်အခဲတွေရှိကာ အဖွဲ့ချုပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပြည်သူတွေကလဲ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ကူညီဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အားကစားနဲ့ပတ်သက်ပြီး ခံယူချက်အမျိုးမျိုး ရှိတဲ့အတွက် “ အားကစားမြှင့်တင်ဆောင်ရွက်ခြင်းက နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေတာဖြစ်တယ်” ဆိုတဲ့အချက်က အမြင့်မားဆုံးခံယူချက်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မနေ့ကစတင်ပြုလုပ်ခဲ့တဲ့ အမျိုးသားအားကစားပွဲတော်ဟာ ပဉ္စမအကြိမ်မြောက်ဖြစ်ကာ (၁၀)နှစ်နီးပါးအကြာမှာ ပြန်လည်ကျင်းပတာဖြစ်ပြီး ၁၉၉၂ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၄ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၇ခုနှစ်မှာ တစ်ကြိမ်နဲ့ ၂၀၁၅ခုနှစ်မှာ တစ်ကြိမ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ