နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ပင်သာရွာမှာ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် လူသတ်မီးရှို့ခဲ့တဲ့အစီရင်ခံစာ KNU ထုတ်ပြန်

ဒီဇင်ဘာလ (၁၀)ရက်။

ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှာ စစ်ကောင်စီတပ်က ရွာသူရွာသား (၁၉)ဦးကို ဖမ်းဆီးကြိုးတုပ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခဲ့တဲ့ အစီရင်ခံစာတစ်စောင်ကို KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

၂၀၂၃ခုနှစ် မေလ (၁၀)ရက်နေ့က ညောင်ပင်သာရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်သားမလုံလောက်တာနဲ့ နယ်မြေမစိုးမိုးနိုင်တော့တာကြောင့် ပြန်လည်ထိန်းချုပ်နိုင်ဖို့ အကြမ်းဖက်နည်းနဲ့ ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၅)ဦး သေဆုံးခဲ့တာကို လက်တုံ့ပြန်ဖို့အတွက် အင်အား (၁၀၀)ခန့်ပါတဲ့ စစ်ကောင်စီတပ်ဟာ ညောင်ပင်သာရွာပတ်ပတ်လည်မှာ တပ်စွဲထားပြီး ရွာမြောက်ဘက်ပိုင်းကနေ ဝင်ရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် ရွာထဲဝင်ရောက်လာချိန် ရွာသားတွေ ထွက်ပြေးခဲ့ကာ သက်ကြီးသူတွေ၊ မသန်စွမ်းသူတွေနဲ့ အချိန်မီမပြေးနိုင်သူတွေ ကျန်ခဲ့ပြီး ရှောင်ပြေးချိန် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေပြီး ဖမ်းဆီးခံရသလို နေအိမ်ထဲ ပုန်းအောင်းနေသူတွေကိုလဲ ရှာဖွေဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ရွာထဲကနေ ဖမ်းမိထားတဲ့ ရွာသူရွာသား (၁၉)ဦးကို နေအိမ်တစ်အိမ်မှာ စုဝေးထားပြီး မျက်လုံးတွေကို ဖုံးအုပ်ကာ ကြိုးတွေနဲ့ တုတ်နှောင်ပြီး ဓါးနဲ့ သေနတ်တွေ အသုံးပြုကာ နည်းမျိုးစုံနဲ့ သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းတွေကို မီးရှို့စုပုံထားကာ ရွာကပြန်ထွက်သွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး သေဆုံးခဲ့သူတွေထဲ အမျိုးသမီး (၁၁)ဦး၊ အသက် (၅)နှစ်အရွယ်အပါအဝင် ကလေး (၄)ဦး ပါဝင်ကာ တမိသားစုလုံး သတ်ဖြတ်ခံရသူတွေလဲပါရှိပြီး နောက်တစ်နေ့မှာ မီးလောင်ကျွမ်းတဲ့ ရုပ်ခန္ဓာတွေ ပုံလျက်သားရှိကာ မလောင်ကျွမ်းသေးတဲ့ ခြေထောက်တွေလဲ ရှိနေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကျန်ရစ်နေတဲ့အရာတွေဟာ အစုလိုက်အပြုံလိုက် လူသတ်မီးရှို့မှုဖြစ်ပွားခဲ့တာကို ထိတ်လန့်ဖွယ်ရာ သက်သေတွေအနေနဲ့ ရှိနေပြီး ဒီလိုရက်စက်ယုတ်မာမှုက အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ စနစ်တကျ အကြမ်းဖက်မှုဖြစ်ကာ ကြောက်ရွံ့တာနဲ့ ဆုံးရှုံးတာရဲ့ မမေ့နိုင်စရာ ဖြစ်ရပ်တစ်ခုအနေနဲ့ ကျန်နေရစ်တယ်လို့ ပြောဆိုထားပါတယ်။

အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေဟာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို စနစ်တကျ ချိုးဖောက်နေတာကို မီးမောင်းထိုးပြနေပြီး လက်မှတ်ရေးထိုးထားတဲ့ ပင်မသဘောတူစာချုပ်နဲ့ ဂျီနီဗာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တာလို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အခုဖြစ်ရပ် မှတ်တမ်းပြုစုတဲ့ လုပ်သန်းစဉ်ဟာ မပြီးပြတ်သေးဘဲ KHRC က ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို အသေးစိတ်စုံစမ်းစစ်ဆေးဖို့ လိုအပ်နေသေးပြီး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ