နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

1027 Operations

1027 Operations

စစ်ကောင်စီဟာ စစ်ရဲ့အရှုံးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရတဲ့ စစ်ရှုံးကောင်လို့ ညီနောင် (၃) ဖွဲ့ပြော

ဇန်နဝါရီလ (၁၁)ရက်။

စစ်ကောင်စီဟာ စစ်ရဲ့အရှုံးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရတဲ့ စစ်ရှုံးကောင်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ စစ်ဆင်ရေး (၇၆)ရက်မြောက်နေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

စစ်ရှုံးကောင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ၊ အဆောက်အအုံတွေနဲ့ ရှေးဟောင်းသမိုင်း၀င်နေရာတွေကိုပါ အငြိုးအတေးကြီးစွာနဲ့ မိုက်ရူးရဲဆန်စွာ စစ်ရေးတုံ့ပြန်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၀)ရက်က ကျောက်တော်မြို့ရှိ စစ်ကောင်စီရဲ့ အမြောက်တပ် (၃၇၇)တပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ပေါ်တော်မူရပ်ကွက်က နေအိမ်‌တစ်အိမ်ပေါ် ကျရောက်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မင်းပြားအခြေစိုက် ခမရ(၃၇၉)၊ ခမရ(၃၈၀)နဲ့ ခမရ(၅၄၁)တပ်ရင်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေကာ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အကျအဆုံးတွေနဲ့ အထိနာနေတဲ့ စစ်ကောင်စီက မင်းပြားမြို့နဲ့ အနီးရှိရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဖားပြိုရွာက ဒေသခံတစ်ဦးသေဆုံးပြီး ဆရာတော်တစ်ပါးအပါအ၀င် ဒေသခံ(၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မနေ့က တစ်ရက်ထဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မင်းပြားမြို့ကို ဗုံးကြဲခဲ့တာကြောင့် မင်းပြားမြို့မဈေး မီးလောင်ခဲ့ရပြီး အဲ့ဒီနေ့တစ်နေ့လုံး စစ်ကောင်စီက မင်းပြားမြို့ရဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပြင် အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ကမ္ဘာ့အမွေအနှစ်စာရင်း၀င်ဖို့ အဆိုပြုထားတဲ့ မြောက်ဦးယဉ်ကျေးမှုဒေသကိုလည်း လက်နက်ကြီးနဲ့ (၆)ကြိမ်ပစ်ခတ်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးနေကာ စစ်ရာဇ၀တ်မှုကျူးလွန်တာဖြစ်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 42 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 31 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 93 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 54 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 33 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်
1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 37 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာ ဝမ်းနည်းရပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဆေးရုံစရိတ် ကြီးမြင့်တယ်လို့ ဝေဖဝေပြောဆိုတာတွေအပေါ်
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီတပ် ယာဉ်တန်း (၇၀)ထက်မနည်း ထပ်မံဝင်ရောက်

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 34 Views
ဧပြီလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်း (၇၀)ကျော်ထက်မနည်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီလောက်ကစပြီး စကစယာဉ်တန်းပေါ့ ကားကြီး၊ ကားသေး (၇၅)စီးကျော် ဝင်ရောက်လာတာ။