၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ ခေတ်မျက်လုံး။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိးမြို့ကို မြိုသိမ်းတိုက်ပွဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေကြောင့် လားရှိုးမြို့ခံတွေဟာ မြို့ကို စွန့်ခွာပြီး ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။
လားရှိးမြို့နဲ့ ကပ်ရပ်မှာရှိတဲ့ ရှမ်းမြောက် နမ္မတူမြိုနဲ့ သိန္နီတပ်ကို ညီနောင် (၃) ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း လားရှိးမြို့ခံတွေဟာ တောင်ကြီး၊ မန္တလေးစတဲ့ ဒေသတွေကို အဓိကထားပြီး တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ တော်လှန်ရေးအင်အားစုတွေ လားရှိုးမြို့ကို ချဉ်းကပ်လာနေတယ်လို့ ဖော်ပြနေကြပါတယ်။