နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီ၏ ရေကြောင်းတိုက်ခိုက်မှုကို အောင်မြင်စွာ ပြန်လည်တုံ့ပြန်နိုင်ခဲ့တယ်လို့ AA သတင်းထုတ်ပြန်

** စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူလိုက်ပါလာတဲ့ မိသားစုဝင်တွေ၊ ကလေးတွေ စုစုပေါင်း ၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြနေကြပါတယ်။ **

ဖေဖော်ဝါရီလ (၁၁) ရက်။

ရက္ခိုင်ဒေသအတွင်း အခုတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲခဲ့ပေမယ့် ကြည်းတပ်ထက် ရေတပ်နဲ့ လေတပ်ကိုသာ ပိုမိုအားထား အသုံးပြုခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ရက္ခိုင့်တပ်တော်အနေနဲ့ စစ်ကောင်စီရဲ့ရေတပ်ကို အရင်က ကြီးကြီးမားမား မတုံ့ပြန်နိုင်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အထိနာအောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

ရက္ခိုင်နဲ့ ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်က ထိုးစစ်မစမီကပင် စစ်ကောင်စီရဲ့တပ်စခန်းတိုင်းကို လက်နက်ချအညံ့ခံရန် အကြောင်းကြားလေ့ရှိသလို လက်နက်ချ အညံ့ခံဖို့ ထုတ်ပြန်ချက်တွေကို အကြိမ်ကြိမ်ထုတ်ပြန်ထားပြီး လက်နက်ချအညံ့ခံပြီး အလံဖြူထောင်တဲ့သူတွေနဲ့ စစ်အတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းတွေကို ရက္ခိုင့်တပ်တော်အနေနဲ့ နိုင်ငံတကာဥပဒေ၊ ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း အသက်ချမ်းသာရာပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ သူတို့ရဲ့ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ လက်နက်ချအညံ့မခံသေးတဲ့ စခန်းတိုင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကို ရက္ခိုင့်တပ်တော်ရဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဗျူဟာမြောက်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ (၇/၈) ရက်နေ့တွေအတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့ကို ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးမှာ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဲ့ဒီ သင်္ဘော (၃) စီးစလုံးကို ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင်အဲ့ဒီသင်္ဘော (၃) စီးကို ကယ်တင်ဖို့လာတဲ့ စစ်သင်္ဘော (၄) စီးကိုလည်း အနားကပ်လို့ မရနိုင်အောင် လမ်းခုလတ်မှာပင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီရေကြောင်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ်၊ ဒရော့ဗုံးတွေနဲ့ မရပ်မနား တောက်လျှောက်တိုက်ခိုက်နေခဲ့တဲ့ကြားကနေ စစ်သင်္ဘောတွေကို ရက္ခိုင့်တပ်တော်က အပြတ်အသတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့သမိုင်းမှာ ဖေဖော်ဝါရီလ (၈) ရက်နေ့ဟာ အာရက္ခ ရေပြင်ထက်မှာ စစ်ကောင်စီသင်္ဘောတွေကို အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့တဲ့နေ့တစ်နေ့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဖေဖော်ဝါရီလ (၇/၈) ရေကြောင်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ စစ်သင်္ဘော (၃) စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့တယ်လို့ ဆိုပါတယ်။ သင်္ဘောတွေ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေတဲ့အချိန်မှာ ရက္ခိုင့်တပ်တော်က လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာတွေနဲ့ (၃) ကြိမ်တိုင်တိုင် ပြောကြားခဲ့ပေမယ့် နားထောင်ခြင်းမရှိဘဲ ရက္ခိုင့်တပ်တော်ကို တန်ပြန်ခုခံတိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းကနေ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီသင်္ဘော (၃) စီးပေါ်မှာ လိုက်ပါလာတဲ့သူတွေ အသက်ချမ်းသာရာရရှိမယ့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးတဲ့အချိန်မှာလည်း စစ်ကောင်စီဘက်က ဒရော့ဗုံးတွေနဲ့ စုပြုံပစ် ပြီး လာရောက်တိုက်ခိုက်နေတဲ့အတွက် ရက္ခိုင့်တပ်တော်က တပ်ဖွဲ့ဝင် (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်က လက်နက်ချအညံ့ခံဖို့ ပြောကြားတာကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာတဲ့သူတွေ အသက်ချမ်းသာခွင့် ရရှိကြမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ အသက်မသေဘဲ ရေကူးလွတ်မြောက်လာတဲ့သူများစွာကို ရက္ခိုင့်တပ်တော်က ကယ်တင်ထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီလို ကယ်တင်ရာမှာ အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူလိုက်ပါလာတဲ့ မိသားစုဝင်တွေ၊ ကလေးတွေ စုစုပေါင်း ၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြနေကြပါတယ်။ ဒါ့အပြင် အသက်မသေဘဲ ရေကူးလွတ်မြောက်လာတဲ့သူတွေကို ကမ်းပေါ်ကနေ ဓားနဲ့ခုတ်သတ်တယ်လို့လည်း ပြောဆိုနေပါတယ်။

စစ်ကောင်စီရဲ့ ရေတပ်စစ်သင်္ဘော၊ ဇက်သင်္ဘောတွေဟာ သူတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက် မြစ်၊ ချောင်း နံဘေးရှိ ကျေးရွာတွေကို စစ်သင်္ဘောတွေပေါ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာ ရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို နှစ်ရှည်လများ ပြုလုပ်လာခဲ့တဲ့မှတ်တမ်းတွေ ရှိတယ်လို့ ဆိုပါတယ်။

အခုလည်း အရင်လိုပဲ ရပ်ရွာတွေအတွင်းကို ပစ်ခတ်တိုက်ခိုက်တာတဲ့ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ နေ့တိုင်းရှိခဲ့တယ်လို့ ဖော်ပြထားပြီး ရက္ခိုင့်တပ်တော်က ရခိုင်ပြည်သူလူထုကို နေ့စဉ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ရေတပ်ကို လက်တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ချအညံ့ခံဖို့ ပြောကြားထားတဲ့ ရန်သူ့စစ်စခန်းတွေအနေနဲ့ အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်
မြန်မာသတင်း

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေ ပူးပေါင်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါအဝင် နိုင်ငံထဲ ‌ဆူပူအကြမ်းဖက်တာတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်တာတွေက
မြန်မာသတင်း

ဒေါ်ကြည်ပြာအမှု ကျေလည်တာမရမချင်း တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းတွေ ရပ်ဆိုင်းတယ်လို့ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့၊ ယုံကြည်အားကိုးရတဲ့ အစိုးရတရပ်အပေါ် စိတ်ပျက်စေတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတရားမှုရှိခဲ့တယ်လို့ တိုင်တန်းချက်ကို သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့
မြန်မာသတင်း

BNRA ကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားတာလို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ BNRA အဖွဲ့က ပြစ်မှုရှိသူတွေကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားရှင်းလင်းဖို့ ဆောင်ရွက်ခဲ့ရတာလို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုလဲနယ်နဲ့ ဆက်စပ်နေရာတွေမှာ BNRA ကို ဦးဆောင်တဲ့
မြန်မာသတင်း

BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်တွေ လာအပ်ကြဖို့ ယင်းမာပင်ခရိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ ယင်းမာပင်ခရိုင်ရှိ BNRA အဖွဲ့က ထု‌တ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေ လက်နက်တွေ လာအပ်နှံဖို့ ခရိုင်ပကဖက ဒီကနေ့မှာ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဲ့ဒီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ နေထိုင်ရာ ခရိုင်/မြို့နယ်
မြန်မာသတင်း

ဗိုလ်နဂါး အလင်းဝင်ပြီးနောက် ပုလဲနယ်ထဲ စစ်တပ်က ဆက်တိုက်ဗုံးပတ်ကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ အခုရက်ပိုင်းမှာ ပုလဲနယ်ထဲကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီ (၂)ရက်ထဲကို နမခကနေ ပုလဲနယ်ထဲ ဗုံးကြဲတာ (၄)ကြိမ်လောက်ရှိတယ်။ စက်တပ်လေထီးတွေကော၊ Gyrocopter