နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တအာင်းပြည်နယ်ထဲက ကျောင်းတွေမှာ ပညာသင်ကြားဖို့ CDM ဆရာ/ဆရာမတွေကို ထပ်မံဖိတ်ခေါ်

မတ်လ (၁၁)ရက်။

တအာင်းပြည်နယ်ထဲရှိ အခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားဖို့အတွက် CDM ဆရာ/ဆရာမတွေကို ထပ်မံဖိတ်ခေါ်ထားတယ်လို့ တအာင်းအမျိုးသားပညာရေးကော်မတီ(TNEC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လာမယ့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ တအာင်းပြည်နယ်ထဲ အခြေခံပညာကျောင်းပေါင်း (၅၅၀)ခန့် တိုးချဲ့ဖွင့်လှစ်သွားဖို့ရှိတာကြောင့် ပြည်သူနဲ့အတူရပ်တည်တဲ့ CDM ဆရာ/ဆရာမတွေကို ဆက်လက်ဖိတ်ခေါ်တာလို့ ဆိုပါတယ်။

တအာင်းပြည်နယ်ထဲက CDM ဆရာ/ဆရာမတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အသုံးပြုပြီး ဒေသပညာရေးတည်ဆောက်ရာမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပြီး ကလေးသူငယ်တွေရဲ့ ပညာရေးကို မြှင့်တင်သင်ကြားပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

တအာင်းပြည်နယ်ထဲ အဆင့်မြင့်ပညာရေးကျောင်းတွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့၊ ခိုင်မာတဲ့ တက္ကသိုလ်ဖြစ်ပေါ်လာဖို့၊ ကလေးသူငယ်တွေကို ပညာရေးမြှင့်တင်ဖွင့်လှစ်ဖို့အပါအဝင် ဖက်ဒရယ်ပညာရေး၊ မူဝါဒ၊ မိခင်ဘာသာစကား အခြေပြုတဲ့ ပညာရေးမူဝါဒ စတာတွေကို ပြီးခဲ့တဲ့အစည်းအဝေးမှာ ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လာမယ့်ပညာသင်နှစ်တွေမှာ ပြည်နယ်ထဲက ပြည်သူတစ်ရပ်လုံးရဲ့ ပညာရေးကဏ္ဍကို ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ဖို့နဲ့ အမျိုးသားအခြေပြု ပညာရေးအစား ပြည်သူတစ်ရပ်လုံးပါဝင်နိုင်တဲ့ ဒေသအခြေပြုပညာရေး ဖော်ဆောင်သွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် တအာင်းအမျိုးသားပညာရေးကောင်စီ(TNEC)ဆိုတဲ့ အဖွဲ့နာမည်ကိုလဲ တအာင်းပြည်ပညာရေးကောင်စီ(TLEC)အနေနဲ့ ပြောင်းလဲလိုက်တယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ TNEC ရဲ့ ဦးဆောင်မှုနဲ့ တအာင်းပြည်နယ်ထဲ အခြေခံပညာရေးကျောင်းပေါင်း (၃၈၀)ကျော်ကို သင်ကြားရေး ဆရာ/ဆရာမ(၁၅၀၀)ကျော်နဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားတာကြောင့် ဖမ်းဆီးခံရသူ (၁၈၀၀)ကျော်ရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရသူ (၁၈၄၀)ဦးရှိတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံးအလုံး(၄၀)ခန့် ကြဲချတိုက်ခိုက်၊ ‌ဒေသခံတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၃)နာရီဝန်းကျင်ခန့်က ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၄၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)လမ်းမကြီးမှာ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်အချိန်က ရေးမြို့ အမှတ်(၈)လမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးရဲ့ ပြောဆိုထားချက်‌အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်လောက် စုံနံ့သာရွာကို ဖြတ်သွားတဲ့
မြန်မာသတင်း

ဧည့်တွေ့ခွင့်ပိတ်ထားတဲ့ ရွှေဘိုထောင်မှာ မိနစ်(၃၀)ကို (၃)သိန်းကျပ်ပေးမှ ဧည့်တွေ့ခွင့်ရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ရွှေဘိုအကျဉ်းထောင်မှာ မိနစ်(၃၀)ကို ငွေကျပ် (၃)သိန်းခန့်ပေးနိုင်တဲ့သူတွေဟာ ဧည့်တွေ့ခွင့်ရနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်‌ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွှေဘိုထောင်မှာ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ ‌ဧည့်တွေ့ခွင့်ကို လုံခြုံရေးအကြောင်းပြပြီး အခုနှစ် ဇွန်လပိုင်းကစတင်ကာ ပိတ်ပင်ထားပြီး
မြန်မာသတင်း

နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်ပြီး စစ်ကောင်စီဒုရဲအုပ်တစ်ဦးသေဆုံးကာ ရဲ (၁၇)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က ည(၇)နာရီအချိန် နေပြည်တော်မှာ စစ်ကောင်စီရဲ‌တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးနဲ့ အရပ်သားကားတစ်စီးတို့ တိုက်မိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Foton အပြာရောင်ကားဟာ ရွှေပြည်တော်ဝင်လမ်းအတိုင်း မောင်းနှင်လာချိန် သဇင်လမ်းဘက်ကနေ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့
မြန်မာသတင်း

မော်လမြိုင်ကျွန်းမြို့မှာ ဧည့်စာရင်းအကြောင်းပြပြီး NLD လူငယ် (၄)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့မှာ ဧည့်စာရင်းအကြောင်းပြပြီး NLD တက်ကြွလှုပ်ရှားလူငယ် (၄)ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဖမ်းတာက နိုဝင်ဘာ (၁၂)ရက်နေ့ ညပိုင်းလောက် ရပ်ကွက်တွေထဲကို
မြန်မာသတင်း

ထိုင်းငါးဖမ်းစက်လှေတွေ နိုင်ငံပိုင်နက်ထဲ ဝင်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးတာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ ထိုင်းငါးဖမ်းစက်လှေဟာ နိုင်ငံရေပိုင်နက်ထဲ ဝင်ရောက်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ထိုင်းငါးဖမ်းစက်လှေတွေကို ထိုင်းနိုင်ငံရေပြင်ထဲ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံ ရေပိုင်နက်ထဲ
မြန်မာသတင်း

အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ CDM တပ်သားတစ်ဦး ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 3 Views
ဒီဇင်ဘာလ (၂)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်က အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ အင်းစိန်ထောင်ကို ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနဲ့