နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ တော်လှန်သင်္ကြန် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်

ဧပြီလ (၁၁)ရက်။

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ ရေသဘင်မဏ္ဍပ်တွေမှာ မပါဝင်ကြဖို့ တော်လှန်သင်္ကြန် လှုပ်ရှားမှုတစ်ရပ်ကို မန္တလေးသပိတ်အင်အားစုက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က မတရားအာဏာမှု စတင်သိမ်းလိုက်တာနဲ့ အတာသင်္ကြန် ပျော်ပွဲရွှင်ပွဲတွေ လွတ်လပ်စွာ ကျင်းပခွင့်မရတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ခြိမ်းခြောက်ခံရတာတွေ နေ့စဉ်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတွေဘက်ကနေ ပါဝင်နေကြတဲ့ ရဲဘော်တွေအနေနဲ့လဲ သင်္ကြန်အမှတ်တရတွေကို လွမ်းဆွတ်တမ်းတနေကာ တော်လှန်သင်္ကြန်၊ တော်လှန်သပိတ်တိုက်ပွဲတွေကို ပါဝင်ဆင်နွှဲကြမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အာရုံလွှဲ ပျော်ပွဲရွှင်ပွဲတွေဟာ တော်လှန်ရေးမှာ ထိခိုက်စေတာမရှိပေမယ့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာတာတွေ ဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လူသားဆန်မှုအပြည့်နဲ့ ကိုယ်ချင်းစာတရားနဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး အပျော်အပြတ် ခွဲခြားသတ်မှတ်ပေးနိုင်ကြဖို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် တော်လှန်ရေးအငွေ့အသက်တွေ မပပျောက်စေနိုင်တဲ့ တော်လှန်သင်္ကြန်၊ တော်လှန်မာန်တွေကို တွေ့မြင်ခံစားလိုတယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သိမ်းပိုက်ထားတဲ့ မြို့တွေကို ဆက်လက်ကာကွယ်သွားဖို့ TNLA ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 4 Views
နိုဝင်ဘာလ (၁၃)ရက်။ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ဆက်လက်ကာကွယ်သွားဖို့ TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရှိုန်းက အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မြင်းမူမြို့မှာ စစ်တပ်တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ယာဝင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူ (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 3 Views
နိုဝင်ဘာလ (၁၃)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မြင်းမူမြို့အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ စစ်တပ်တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ယာဝင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

သပိတ်ကျင်းရှိ စစ်တပ်‌တန်းမြင့်လေ့ကျင့်ရေးကျောင်းကို တော်လှန်ရေးတပ်တွေ (၃)လနီးပါးကြာ ဝိုင်းရံပိတ်ဆို့ထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 10 Views
နိုဝင်ဘာလ (၁၃)ရက်။ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ်(၁၃) စစ်တပ်တန်းမြင့်လေ့ကျင့်ရေး‌ကျောင်းကို တော်လှန်ရေးတပ်တွေက ဝိုင်းရံပိတ်ဆို့ထားတာ (၃)လနီးပါးရှိပြီလို့ PLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးကုတ်-သပိတ်ကျင်းလမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ခလရ(၁၄၈)နဲ့ ဖော့တောလမ်းဆုံတို့ကို TNLA အပါအဝင်
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က (၅၃)ဦးသေဆုံးခဲ့တယ်လို့ CDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 8 Views
နိုဝင်ဘာလ (၁၃)ရက်။ ဇူလိုင်လ (၁၂)ရက်ကနေ ‌နိုဝင်ဘာလ (၁၂)ရက်အထိ တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်တစ်စီးရဲ့ အမြီးပိုင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF-HAKHA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ (၄)လတာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၃)ဦးသေဆုံးခဲ့ကာ
မြန်မာသတင်း

မင်းတပ်နဲ့ ဖလမ်းမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 10 Views
နိုဝင်ဘာလ (၁၃)ရက်။ ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ချစ်ညီနောင်အဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့မှာ နိုဝင်ဘာလ (၉)ရက်နေ့ကစပြီး ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ စစ်ကောင်စီအခြေပြုစစ်စခန်းတွေကို တစ်ပြိုင်ထဲ
1027 Operations မြန်မာသတင်း

နောင်ချိုနဲ့ မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး တရက်ထဲ အရပ်သား (၂၀)ဦးသေဆုံးကာ (၂၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 18 Views
နိုဝင်ဘာလ (၁၂)ရက်။ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကာ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၁၁)ရက်နေ့ ညသန်းခေါင်ကျော်အချိန်မှာ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ AA အတည်ပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 11 Views
နိုဝင်ဘာလ (၁၂) ရက်။ နိုဝင်ဘာလ ၁၀ ရက်နဲ့ နေ့လည် ၂ နာရီခွဲအချိန်လောက်မှာ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူ၊ လက်နက်နဲ့ ရိက္ခာတွေ လာပို့တဲ့ ရဟတ်ယာဉ် ၄ စီးထဲက တစ်စီးကို အာရက္ခတပ်တော်က
မြန်မာသတင်း

ပခုက္ကူမှာ တော်လှန်ရေးတပ်တွေရဲ့နယ်မြေထဲ လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်သား ဖမ်းဆီးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 11 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ပခုက္ကူမြို့နယ်ရှိ ဆင်မင်းရွာစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Young Force-UG ရဲ့ ဒီကနြေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်သားက နယ်မြေမကျွမ်းတော့ သူတို့တပ်စွဲထားတဲ့ ဆင်မင်းရွာစစ်ဆေးရေးဂိတ်ကနေ တော်လှန်ရေးတပ်တွေရဲ့