နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

အစ္စလာမ်ဘာသာဝင်တွေ ဘာသာတရား လွတ်လပ်ခွင့်မပြုနိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ NUG ထုတ်ပြန်

ဧပြီလ (၁၁)ရက်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဘာသာတရား လွတ်လပ်ပျော်ရွှင်ခွင့်၊ ကျင့်ကြံအားထုတ်မှုမပြုနိုင်တဲ့အပေါ် စိတ်မသက်မသာဖြစ်ရတယ်လို့ NUG ရဲ့ အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်ပွဲတော်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ်က အကြမ်းစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်ခံရပြီး သိန်းချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံနေရပြီး ရမဒွါန်လထဲနဲ့ ဝါကျွတ်အိဒ်ပွဲတော်ကို လွတ်လပ်ပျော်ရွှင်စွာ မဆင်နွှဲနိုင်တဲ့အပေါ် ကိုယ်ချင်းစာမိတယ်လို့ ဆိုပါတယ်။

ပြည်တွင်းက လက်ကျန် ရိုဟင်ဂျာတွေအပေါ်လဲ အကြမ်းဖက်စစ်တပ်ရဲ့ ညှဉ်းပန်းအကျပ်ကိုင်တာတွေကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကာ လွတ်လပ်ပျော်ရွှင်စွာ မဆင်နွှဲနိုင်တဲ့အပေါ်ကို စိတ်မကောင်းဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။

NUG အနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ သက်ဆိုင်ရာအင်အားစုအသီးသီးနဲ့ ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဒါ့ပြင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ကြိုးပမ်းရာမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှရေးနဲ့ ခွဲခြားဆက်ဆံမှုကင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းလာဖို့ ချီတက်ရုန်းကန်သွားမယ်လို့ ပြောဆိုထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်နေ့မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစ္စလာမ်ဝင်အပေါင်း ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာကာ ဘေးအန္တရာယ်ကင်းဝေးဖို့ သဝဏ်လွှာမှာ ဆုတောင်းမေတ္တာပေးပို့ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 40 Views
စက်တင်ဘာလ (၂)ရက်။ ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံရဲ့ ပထမအကြိမ် အစည်းအဝေးမှာ NUG
မြန်မာသတင်း

ကော့နွဲ့တံတား ပြင်ဆင်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 40 Views
စက်တင်ဘာလ (၂)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ ကော့နွဲ့တံတား ပြင်ဆင်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့
မြန်မာသတင်း

SCO အဖွဲ့ဝင်ဖြစ်လာအောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 33 Views
စက်တင်ဘာလ (၂)ရက်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် ထောက်ခံပေးဖို့ဆိုပြီး အစည်းအဝေးမှာ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။ မြန်မာဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတခုဖြစ်ပြီး ပထဝီ-နိုင်ငံရေးအရ အချက်အခြာကျသလို စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်ဖို့
မြန်မာသတင်း

တအာင်းပြည်ထဲ စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၆)ဦးသေဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 53 Views
စက်တင်ဘာလ (၁)ရက်။ ပြီးခဲ့တဲ့လထဲ တအာင်းဒေသမှာ စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၆)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့
မြန်မာသတင်း

တရုတ်ရောက် စစ်ခေါင်းဆောင် လာအိုသမ္မတနဲ့တွေ့ဆုံခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 45 Views
စက်တင်ဘာလ (၁)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုသမ္မတ Mr. Thongloun Sisoulith နဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ဖို့၊ ချစ်ကြည်ရင်းနှီးမှုနဲ့
မြန်မာသတင်း

ရှီနှင့် ပူတင်တို့သည် ပုခုံးချင်းယှဉ် ရပ်တည်နေကြစဥ် တရုတ်ခေါင်းဆောင်က သူသည် အစားထိုးပေါ်လာသည့်ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မိမိကိုယ်ကိုပုံ ဖော်ပြခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သည်မိမိနိုင်ငံအနေနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်ရေး နှင့် သူ့လုပ်ဖော်ကိုင်ဖက်များအား ဒေါ်လာသန်းထောင်ပေါင်း  များစွာ ထောက်ပံ့ ကူညီပေးမည်ဖြစ်ကြောင်း ကတိပြုအာမခံခဲ့စဥ် သမတဒေါ်နယ်ထရန့်သည် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှု
မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 57 Views
စက်တင်ဘာလ (၁)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲဝန်းကျင်က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၁)နာရီ (၂၇)မိ‌နစ်လောက်မှာ ငတရော်ရွာကို စစ်တပ်က
မြန်မာသတင်း

တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့က မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 56 Views
စက်တင်ဘာလ (၁)ရက်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar(JFM)က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ ရှီကျင့်ဖျင်နဲ့ မိုဒီတို့ နှစ်ဦးစလုံးဟာ တရားမဝင်မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီတာတွေကို