နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိတ်မြို့မှာ အင်အားထပ်တိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ထပ်မံမိုင်းဆွဲခံရ

ဇန်နဝါရီလ (၁၂) ရက်။

ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အင်အားထပ်တိုးရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF တနင်္သာရီတိုင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်အားထပ်တိုးလာတဲ့ (၁၀၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ တဂံတောင်ပုရွာနဲ့ ဝိုင်း‌တောင်ရွာကြား မြိတ်မြို့မှ ချေလျင်တက်လာပြီး အနီးအနားရှိ ကျေးရွာတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ကျွန်းစုမြို့နယ်-ပကဖတပ်ဖွဲ့ဝင်တွေ၊ တောပုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ)၊ ပုလောမြို့နယ်-ပကဖနဲ့ တနင်္သာရီတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်အကျဆုံးစာရင်းကို စုံစမ်းနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် တနင်္သာရီနဲ့ မြိတ်မြို့ လမ်းပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို လိုက်နာဖို့ အသိပေးထားပါတယ်။

ဇန်နဝါရီလ (၁၀)ရက်နေ့ကလည်း မြိတ်မြို့ကနေ အင်အား(၇၀)ခန့်နဲ့ ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တဂံတောင်ပုရွာနဲ့ ခုံမော်ရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က (၄)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 17 Views
ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ ဒီဇင်ဘာလ (၉)ရက်။ ဒီဇင်ဘာလ (၇)ရက်နေ့
မြန်မာသတင်း

သစ်တောဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ‌တို့ကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 21 Views
ဒီဇင်ဘာလ (၉)ရက်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍရဲ့ သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 30 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ
မြန်မာသတင်း

ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 26 Views
ဒီဇင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေလူကူးတံတားအအနီးမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ထံက သိရပါတယ်။ “ ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားနားမှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာနဲ့ မနက်ဖြန်ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ
မြန်မာသတင်း

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးနှင့် တိုဟိုကုဒေသများတွင် အင်အား မဂ္ဂနီကျူ ၇ ဒဿမ ၆ ပြင်းအားရှိသော ငလျင်လှုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 33 Views
ဒီဇင်ဘာလ (၈) ရက်။ အရေးပေါ်သတင်း။ ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဟိုကိုင်းဒိုး (Hokkaido) နှင့် တိုဟိုကု (Tohoku) ဒေသများတွင် မဂ္ဂနီကျူ ၇ ဒဿမ
မြန်မာသတင်း

စစ်ကောင်စီနဲ့ အပစ်ရပ်ရေးထိုးတာ တော်လှန်ရေးကို မထိခိုက်စေဘဲ ခရီးဆုံးအထိ ဆက်လျှောက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 29 Views
ဒီဇင်ဘာလ (၈)ရက်။ စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ ရေးထိုးထားပေမယ့် ခရီးလမ်းဆုံးတံ့အထိ ဆက်လျှောက်လှမ်းနေမှာဖြစ်တယ်လို့
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ခန်းမ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 26 Views
ဒီဇင်ဘာလ (၈)ရက်။ ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို လက်လုပ်မိုင်း၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲခွေးတွေ
မြန်မာသတင်း

ဂွအခြေစိုက် ခမရ(၅၆၃)က စစ်တပ်ဘက်က ဒုတပ်ကြပ်အပါအဝင် (၄)ဦး ဘက်ပြောင်းလာတယ်လို့ PRA-Magway ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 32 Views
ဒီဇင်ညာလ (၈)ရက်။ အမ်း-ပဒန်းလမ်းပိုင်းရှိ ဇင်ပြွန်းရွာအနီးမှာ စစ်တပ်ရဲ့ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် (၄)ဦး ပြည်သူ့ဘက်ကူးပြောင်းလာခဲ့တယ်လို့ PRA-Magway ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်ဖွဲ့ဝင် (၄)ဦးဟာ ဂွမြို့အခြေစိုက် ခမရ(၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်ပြီး