နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် AA နှင့်အတူ ယောဒေသကာကွယ်ရေးတပ်-YDF ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသတင်း ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်၊ ခေတ်၊မျက်လုံး။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာကုန်းစခန်း သိမ်းတိုက်ပွဲကို ရက္ခိုင့်တပ်တော်နဲ့အတူ ပူပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ YDF ကို ဦးဆောင်နေတဲ့ ဦးစီးကိုမြတ်သူက ခေတ်မျက်လုံးကို ပြောပါတယ်။

တိုက်ပွဲကာလ (၃) ပတ်လောက်ကြာခဲ့တယ်လို့ သိရှိရပြီး ရခိုင်ပြည်နယ်အတွင်းက နောက်တိုက်ပွဲတွေကိုလည်း ပူးပေါင်း တိုက်ခိုက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

စစ်ရေးအတွေ့အကြုံနဲ့ တိုက်ပွဲဝင်ခွင့်ပေးတဲ့ ရက္ခိုင့်တပ်တော် (AA) ကို YDF က ကျေးဇူးများစွာတင်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ယောကာကွယ်ရေးတပ် – YDF ကို ၂၀၂၁ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် ယောဒေသခံလူငယ်တွေ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပြီး ဒီတော်လှန်ရေးကာလအတွင်း အခက်အခဲ မျိုးစုံကြားက ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ယောကာကွယ်ရေးတပ် – YDF တဖွဲ့တည်း တိုက်ခိုက်နေခြင်းထက် လက်နက် အင်အားသာလွန်ပြီး အင်အားကြီးမားတဲ့ ဘုံရန်သူ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရာတွင် တော်လှန်ရေးအဖွဲအစည်းများ အချင်းချင်း သွေးစည်းညီညွတ်စွာနဲ့ ပူးပေါင်းတိုက်ခိုက်ကြပါက အောင်ပွဲဟာ အချိန်တိုတိုအတွင်း ရရှိနိုင်တယ်ဆိုတဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်ကို စံနမူနာယူပြီး မဟာမိတ်အဖွဲအစည်းတွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပူးတွဲစစ်ဆင်ရေးများကို ထိရောက်အောင်မြင်စွာ လုပ်ဆောင်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ယောကာကွယ်ရေးတပ် – YDF နဲ့ နီးစပ်သူတစ်ဦးကတော့ YDF ဟာ NUG မပေါ်ပေါက်ခင်ကတည်းက ဖွဲ့စည်းခဲ့တဲ့ ဒေသကာကွယ်ရေးအင်အားစုဖြစ်ပြီး ဒီအခြေအနေထိ ရောက်လာအောင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြရတယ်လို့ YDF နဲ့ နီးစပ်သူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။ MOD နဲ့ ချိတ်ဆက်ပြီး YDF ကို အသိအမှတ်ပြုပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် MOD ဖက်က အသိအမှတ် မပြုခဲ့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

NLD ဂန့်ဂေါလွှတ်တော်အမတ် ဒေါ်ယဉ်မင်းလှိုင်နောက်မှ လိုက်ဖွဲ့တဲ့ သူမဦးစီးတဲ့ PDF တပ်ရင်းထဲကိုဝင်ဖို့နဲ့ မဝင်ရင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်ဖိအားပေးခံ ခဲ့ရတယ်လို့လည်း အထက်ပါပုဂ္ဂိုလ်က ပြောပြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်က လွန်စွာ စက်ဆုတ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်သာမက ရခိုင်ဒေသမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လူနာ (၁၀)ဦးခန့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 36 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်မှာ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၉)နာရီ (၁၃)မိနစ်လောက်မှာ မြောက်ဦးမြို့
၁၁၁၃ ရခိုင်စစ်ပွဲ

နတ်ရေကန်ဗျူဟာကုန်းအပါအဝင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးရမိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 79 Views
နိုဝင်ဘာလ (၁၂)ရက်။ နတ်ရေကန်ဗျူဟာကုန်းအပါအဝင် နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကို AA
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 105 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ စေတီပြင်ရွာကနေ ဆန်၊ ဆီ၊ ဆားနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ပဲခူးရှိ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို AA သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 123 Views
အောက်တိုဘာလ (၁၆)ရက်။ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပန်းကန်ကွဲရွာအနီးက စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းဟာ ပန်းကန်ကွဲရွာရဲ့ တောင်ဘက် (၉)ကီလိုမီတာအကွာမှာရှိပြီး ‌AA က
၁၁၁၃ ရခိုင်စစ်ပွဲ

ပသုံးလုံးက ပြည်သူကို ဓားနဲ့ပိုင်း၊

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 347 Views
တီမောက NUG ကို ကျောခိုင်း၊  AA က ARSA ကို အနိုင်ပိုင်း အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း(၁၃) ဒီတနင်္ဂနွေအပတ်စဥ်နိုင်ငံရေးဖြစ်စဥ်မှာ ထူးခြားတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ကြောင်းအရာတွေကတော့ ၁။ ယင်းမာပင်ခရိုင် ဆားခါးကျေးရွာက ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ယောက်ကို ပကဖနဲ့ ပအဖ