ဩဂုတ်လ (၁၂)ရက်။
မြင်းခြံခရိုင်ရှိ Myingyan Black Tiger (MBT)ရဲ့ စစ်ကြောင်း (၁)နယ်မြေထဲ သတင်းယူဖို့အတွက် အရပ်ဝတ်နဲ့ဝင်လာတဲ့ စစ်ကောင်စီရဲ့ ရဲတပ်သားတစ်ဦးနဲ့ ပြည်သူ့စစ်တစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းဆီးနေချိန် ပျူစောထီးဟာ ခုခံထွက်ပြေးတာကြောင့် တော်လှန်ရေးရဲဘော်တွေက မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ တပ်သားတစ်ဦးကို စစ်ဆေးတာတွေ ပြုလုပ်နေပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကောင်စီရဲ့ ရဲတပ်သားထံကနေ 7.62 (G3) ကျည် (၁၄၇)တောင့်၊ ဖုန်းတစ်လုံးနဲ့ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခဲ့တာကို Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့အတူ Popa Guerilla Force (PGF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
