နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့မှာ အင်အား (၇၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့

အောက်တိုဘာလ (၁၂)ရက်။

မနေ့က နံနက် (၅)နာရီအချိန် ရေစကြိုမြို့ ဇီးကုန်းကျေးရွာကို ဝင်ရောက်လာတဲ့ အင်အား (၇၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဇီးကုန်းရွာထဲ ဝင်လာတဲ့ အင်အား (၇၀)လောက်ပါတဲ့ စကစစစ်ကြောင်းကို ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းရွာမှာ အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ၊ (၁)နာရီကျော်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ဇီးကုန်းရွာနဲ့ ဇီးကုန်းကျွန်းရွာကြားမှာ ရေစကြိုမြို့နယ်ပကဖက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ (၁)နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၈)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီထံက MA3 တစ်လက် ကျည်ဘောက် (၄)ဘောက်၊ MA-11 တစ်လက် ကျည်ဘောက် (၃)ဘောက်နဲ့ ၅.၅၆ကျည် (၂၅၇)တောင့်နဲ့ အီနာဂါဗုံးသီးတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် နှစ်ဖက်အပြန်အလှန်တိုက်ပွဲထဲ ရေစကြိုမြို့နယ်ပကဖဘက်က ရဲဘော်နွေဦး မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ရဲဘော် (၂)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒီကနေ့ နံနက်ပိုင်းကလဲ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ဇီးကုန်းရွာတို့ကို နယ်မြေရှင်းလင်းခဲ့ရာ ရွာဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ (၂)ဦးအပါအဝင် စစ်ကောင်စီအလောင်း (၆)လောင်းတို့ကို မြေမြှုပ်ထားတာ တွေ့ရှိရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အလုပ်သမားရှားပါးလာတာကြောင့် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 12 Views
မေလ (၁)ရက်။ ပြည်ပကို သွားရောက်လုပ်ကိုင်တာတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးနေတဲ့အတွက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က
မြန်မာသတင်း

နွေဦးတော်လှန်ရေး အမြန်ဆုံးပြီးဆုံးဖို့ အလုပ်သမားတွေအပါအဝင် ပြည်သူတရပ်လုံး ဆက်လက်တိုက်ပွဲဝင်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 11 Views
မေလ (၁)ရက်။ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးဆုံးဖို့ အလုပ်သမားတွေအပါအဝင် ပြည်သူတရပ်လုံး ဆက်လက်တိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတက ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ
မြန်မာသတင်း

ညောင်ဦးမှာ နှစ်ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 12 Views
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၇)ရက်နဲ့ (၂၈)ရက်တို့မှာ ညောင်ဦးခရိုင်ထဲ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ Popa Guerilla Force(PGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၆)ရက်နေ့က ညောင်ဦးခရိုင်
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 16 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 17 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ တပခထဲကို ၁၀၇မမ
မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 15 Views
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၈)ရက်နေ့က ခလယ်လွီထူခရိုင် မူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မူးမြို့နယ်ရှိ နိုကလော်၊ တောင်စုအရှေ့/အနောက်၊ နိုတောတာ၊
မြန်မာသတင်း

မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းတာအပါအဝင် မဟာဗျူဟာ နည်းလမ်း (၆)ခုကို အကောင်အထည်ဖော်နေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
ဧပြီလ (၃၀)ရက်။ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာဦးတည်ချက် (၆)ချက်ကို ရရှိနိုင်ဖို့အတွက် မဟာဗျူဟာ နည်းလမ်း (၆)ခုကို သတ်မှတ်အကောင်အထည်ဖော်နေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနည်းလမ်း (၆)ခုထဲ နိုင်ငံရေးနည်းလမ်းအရ မဟာမိတ်တွေနဲ့ နိုင်ငံရေး၊
မြန်မာသတင်း

တောင်သာမြို့ထဲက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 25 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်သာမြို့ထဲက အကြမ်းဖက်စကစတပ်ရဲ့ ရဲတပ်သားတစ်ဦးက MBT