နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗန်းမော်မြို့ရပ်ကွက်တွေမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်နေရာယူထား

ဒီဇင်ဘာလ (၁၂)ရက်။

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ပေါ် ရပ်ကွက်တွေမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်နေရာယူ ထိန်းချုပ်ထားတယ်လို့ မြေပြင်တပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ ဗန်းမော်မြို့ရပ်ကွက်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် တစ်မြို့လုံးကိုတော့ ထိန်းချုပ်နိုင်တာမရှိ မရှိသေးပါဘူး။ အခု (၈)ရက်မြောက်နေ့မှာ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပါ” လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၄)ရက်နေ့ကစတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ (၈)ရက်မြောက်နေ့အထိ ပြင်းထန်နေပြီး ဗန်းမော်မြို့တစ်ခုလုံးကိုတော့ တော်လှန်ရေးတပ်တွေ မထိန်းချုပ်နိုင်သေးဘူးလို့ သိရပါတယ်။

မနေ့က စကခ(၂၁)အနီး နည်းပညာတက္ကသိုလ်ဝန်းကျင်နဲ့ မြို့ထဲကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခိုအောင်းတဲ့နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ခလရ(၄၇)နဲ့ မန်စီဘက်မှာ ကျန်ရှိသေးတဲ့ တပ်စခန်း(၃)ခုမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

နောက်ပြီး မြို့ထဲရှိ နေရာအချို့မှာ မီးလောင်ပျက်စီးတာတွေရှိနေကာ ရဲစခန်း၊ ထွေ/အုပ်ရုံး၊ စံကိုယ်ပိုင်အထက်တန်းကျောင်း၊ Friendship Hotel အနီးနဲ့ (၂)မိုင်နားက နေအိမ်တွေလဲ မီးလောင်ပျက်စီးနေတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နံနက် (၂)နာရီခန့်က (၂)မိုင်မီးပွိုင့်အနီးရှိ မြစ်ဆုံဟိုတယ်နဲ့ ခွန်သာရပ်ကွက်အနီး လေကြောင်းတိုက်ခိုက်တာတွေရှ်ိခဲ့ကာ အသေးစိတ်ကို အတည်မပြုနိုင်သေးဘဲ မြို့ထဲမှာ ဒေသခံအချို့ ပိတ်မိတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ (၈)ရက်တာကာလမှာ အရပ်သားပြည်သူ သေဆုံးတာ (၅၀)နီးပါးရှိနေသလို ထိခိုက်ဒဏ်ရာရသူ (၁၀၀)ဝန်းကျင်ရှိကာ မြေပြင်မှာ အခုထက်ပိုများနိုင်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 1 Views
ဇန်နဝါရီလ (၂၄)ရက်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး အကူအညီပေးတာတွေကို တန်ဖိုးထားတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 2 Views
ဇန်နဝါရီလ (၂၄)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ
မြန်မာသတင်း

ဖာပွန်ရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီ အသည်းအသန်ခုခံနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 1 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ကတိုင်တိတပ်စခန်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် စကစက ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်တွေကို တောက်လျှောက် ဗုံးကြဲချတာ၊ နောက်ပြီး
မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 13 Views
ဇန်နဝါရီလ (၂၃)ရက်။ ‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂန့်ဂေါ်ပင်ရွာက ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို သူ့ရဲ့နေအိမ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ
မြန်မာသတင်း

ချောင်းဦးမြို့မှာ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 10 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ချောင်းဦးမြို့ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းရဲ့ ဒီကနြေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်း တပ်မ(၃၃)ကနေ ထွက်လာတဲ့ စခယာဉ်တန်း
မြန်မာသတင်း

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်ကို ထရန့်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃) ရက်။ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်က သဘောမတူရင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန် သမ္မတထရန့်က ပြောပါတယ်။ ဇန်နဝါရီလ (၂၂) ရက်နေ့မှာ သမ္မတထရန့်က ယူကရိန်းကို
မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 13 Views
ဇန်နဝါရီလ (၂၃)ရက်။ ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ BGF အနေနဲ့ ဒေသထဲလာရောက်ပြီး ဖွံ့ဖြိုးရေးလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ခေါ်လက်တွဲတာဖြစ်ပြီး
မြန်မာသတင်း

အခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃)ရက်။ အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ လုပ်ရပ်‌တွေ တားဆီးဖို့၊