၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်၊ ခေတ်မျက်လုံး။
ချင်းပြည်နယ်၊ တီးတိန်မြိုနယ်၊ သိုင်းငင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ CDF Civic Defense Militia -CDM -Siyin ဘက်က တာဝန်ရှိသူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။
မနေ့ ဇန်နဝါရီလ (၁၂) ရက်နေ့ ညနေပိုင်းကစပြီး တီးတိန်-ကလေး ကားလမ်းပေါ်က စစ်ကောင်စီရဲ့ သိုင်းငင်းစခန်းကို CDF CDM -Siyin နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို CDF CDM Siyin တာဝန်ရှိသူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။
ဒီတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး ၅ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း သိုင်းငင်းစခန်းကို CDF CDM -Siyin နဲ့ ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် လက်နက်အင်အားမမျှလို့ ပြန်ဆုတ်ပေးခဲ့ရပါတယ်။