နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်ထုတ္ထောရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ NUG ပြော

မေလ (၁၃)ရက်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ လက်ထုတ္ထောရွာမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုဖြစ်တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလုပ်ရပ်ကို စစ်အုပ်စုရဲ့ ခြေမြန်တပ်မဌာနချုပ်(၃၃)ရဲ့ အမှတ်(၃)ခြေမြန်တပ်ရင်း၊ အမှတ်(၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ်(၉၂၉)ထောက်ပံ့နဲ့ ဆက်သွယ်ရေးတပ်ရင်းအပါအဝင် စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပျူစောထီးတပ်တွေပါဝင်တဲ့ အင်အား(၇၀)ခန့်ပူးပေါင်းတပ်က ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့ဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ၊ ကျယ်ကျယ်ပြန်ပြန့် ကျူးလွန်နေပြီး အခုလို ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ယုတ်မာရက်စက်တဲ့ ကျူးလွန်တာတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီလိုကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး အချက်အလက်တွေ မှတ်တမ်းတင်ထားကာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ တရားစီရင်ရေး ယန္တရားတွေကနေတဆင့် ကြိုးပမ်းသွားမယ်လို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံတပ်ဖွဲ့ဟာ သူတို့ရဲ့ ကျူးလွန်တာတွေအတွက် အခုအချိန်အထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ NUG က တိုက်တွန်းထားပါတယ်။

မေလ (၉)ရက်နေ့ နံနက်(၅)နာရီအချိန်ခန့်မှာ စစ်အုပ်စုတပ်ဖွဲ့တွေဟာ လက်ထုတ္ထောကျေးရွာကို ပိတ်ဆို့ပြီး လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကာ ပြည်သူ (၆)ဦးသေဆုံးခဲ့သလို ဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး (၂၅)ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်အုပ်စုရဲ့ သတ်ဖြတ်ခံရသူတွေထဲ အသက် (၁၅)နှစ်ကနေ (၆၀)နှစ်အထိဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူ (၁၇)ဦးကို ဆေးရုံသို့ပို့ဆောင်ချိန် လမ်းမှာ တစ်ဦးထပ်မံသေဆုံးခဲ့ကာ ကျေးရွာထဲက နေအိမ်တွေလဲ မီးလောင်ပြာကျခဲ့ရပြီး အရပ်သား (၂၀)ကျော်ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သိန္နီမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သားပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 4 Views
အောက်တိုဘာလ (၁၀)ရက်  ဒီကနေ့ နံနက် (၂)နာရီခွဲဝန်းကျင်က သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသတင်း

အကျဉ်းထောင်တွေထဲ ဆေးဝါးစောင့်ရှောက်ခွင့် လုံလောက်စွာမရတာကြောင့် နိုင်/ကျဉ်း (၃၀)ဦးအထိ သေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 6 Views
အောက်တိုဘာလ (၁၀)ရက်။ (၂)နှစ်တာကာလ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်ခွင့် လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၃၀)ဦးအထိရှိခဲ့တယ်လို့ PPNM ရဲ့ မနေ့က
မြန်မာသတင်း

ပခုက္ကူမြို့မရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 4 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်က ပခုက္ကူမြိ့မရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ Earthquake People’s Defense Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူဟာ ပခုက္ကူမြို့မရဲစခန်းက အသက်
မြန်မာသတင်း

ရန်ကုန်မှာ လူထုသပိတ်ဦးဆောင်သူတစ်ဦးကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး ဝင်ရောက်ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 4 Views
အောက်တိုဘာလ (၁၀)ရက်။ ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်တဲ့ လူထုသပိတ်ဦးဆောင်သူ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေကို စစ်ကောင်စီက မနေ့က ဖမ်းဆီးသွားခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာကနေ
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီလေတပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 4 Views
ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီလေတပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Civilian Military-SRDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကလေးမြို့နယ်ပကဖက ဖမ်းဆီးသွားခဲ့ သံဃာတော်တွေကို စိစစ်ပြီး ပြန်လွှတ်ပေးဖို ခရိုင်သံဃနာယက မေတ္တာရပ်ခံ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 3 Views
အောက်တိုဘာလ (၁၀)ရက်။ ကလေးမြို့နယ်ပကဖက ဖမ်းဆီးသွားတဲ့ သံဃာတော် (၄)ပါးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို တမူးခရိုင်သံဃနာယကဆရာတော် ဥုးဇနကက NUG ရဲ့ စစ်ရေးချုပ်ရုံးထံ မနေ့က မေတ္တာရပ်ခံထားတယ်လို သိရပါတယ်။ “ အောက်တိုဘာလ (၁) ရက်နေ့မှာ
မြန်မာသတင်း

မန္တလေးမှာ ကြားကာလ နိုင်ငံ‌ရေးအစီအမံ မူကြမ်းရေးဆွဲဖို့ လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်တဲ့အပေါ် NUG ဝန်ကြီးချုပ် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 3 Views
အောက်တိုဘာလ (၁၀)ရက်။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနဲ့ မူကြမ်းရေးဆွဲနိုင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်တဲ့အပေါ် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ကြိုဆိုဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးကာလထဲ အဓိကလိုအပ်နေတဲ့ ကြားကာလအစီအမံတရပ်ကို
မြန်မာသတင်း

ရေဦးမြို့နယ် တင်းတိမ်ရံရွာဈေးအနီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ လသားအရွယ်ကလေးငယ်အပါအဝင် (၃)သေဆုံးပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 6 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်မှာ ရေဦးမြို့နယ်အနောက်ခြမ်းရှိ တင်းတိမ်ရံရွာဈေးအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေပိုင်းက မိတ္ထီလာရှမ်းတဲဘက်ကနေ တက်လာတဲ့