ဇွန်လ (၁၃)ရက်။
မနေ့က နေ့လယ်(၂)နာရီခန့်မှာ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် ဇွဲထက်ရွှေဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ဇွဲထက်ရွှေဆိုင်ဟာ ချမ်းအေးသာစံမြို့နယ်၊ (၈၄)လမ်းနဲ့ (၃၄)လမ်းထောင့်မှာရှိပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်သမီးနဲ့ စစ်ကောင်စီအကြီးပိုင်းတွေ ပိုင်ဆိုင်တာလို့ ဆိုပါတယ်။
NMD-PDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို သက်ဆိုးရှည်စေဖို့ အထောက်အကူပြုနေတဲ့ ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လဲ သတိပေးထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီထောက်တိုင်နေရာတွေကို မသွားလာကြဖို့နဲ့ မလိုက်နာပါက NMD-PDF အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူးလို့ အသိပေးပြောဆိုထားပါတယ်။
အခုလို ဇွဲထက်ရွှေဆိုင် ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် ဆိုင်ဝန်ထမ်း (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေက ရေးသားထားကြပါတယ်။
ဒါ့ပြင် ဇွန်လ (၁၁)ရက်နေ့ကလဲ စစ်ကောင်စီကို အခွန်ငွေတွေ ထောက်ပံ့နေပြီး တော်လှန်ရေးပုံရိပ်ဖျက်နေတဲ့ မဟာအောင်မြေမြို့ရှိ Pioneer Bar ကို ပြည်သူတွေရဲ့ တိုင်တန်းချက်အရ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ NMD-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။