နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဖို့ကြိုးစားတာ ပြဿနာဖြစ်အောင်လုပ်နေတာလို့ TNLA ပြော

ဇွန်လ (၁၃)ရက်။

စစ်ကောင်စီရဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဖို့ကြိုးပမ်းနေတာက ပြဿနာဖြစ်အောင် ဖော်ဆောင်နေတဲ့လုပ်ရပ်လို့ TNLA ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ TNLA အုပ်ချုပ်တဲ့ နမ့်ဆန်နဲ့ နမ္မတူမြို့တို့မှာ ကုန်စည်စီးဆင်းတာနဲ့ အများပြည်သူသွားလာတာကို ကန့်သတ်ပိတ်ပင်နေတယ်လို့ ဆိုပါတယ်။

သီပေါမြို့၊ မိုးတေရွာက သီပေါ-နမ္မတူ လမ်းမကို စစ်ကောင်စီက မြောင်းဖောက်ဖျက်ဆီးကာ ယာဉ်တွေသွားလာလို့မရစေဖို့ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး တအာင်းပြည်ထဲက နောင်ချိုနဲ့ မိုးမိတ် စတဲ့မြို့နယ်တွေကို နေ့တိုင်း လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ရေးသားထားပါတယ်။

အခုလို လုပ်ဆောင်နေတာဟာ စစ်ကောင်စီက အပစ်ရပ်တဲ့ ဟိုင်ဂင်သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ပြဿနာဖြစ်အောင် လုပ်နေတာလို့ TNLA က ပြောဆိုထားပါတယ်။

ရှမ်းမြောက်ဒေသထဲ ညီနောင်မဟာမိတ်တပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေပြီးတဲ့နောက် စစ်ကောင်စီဟာ တရုတ်ရဲ့ ကြားဝင်ကူညီမှုနဲ့ ဇန်နဝါရီလမှာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတာပါ။

ဒီလိုအပစ်ရပ်ပြီးနောက် စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသက TNLA တပ်စခန်းတွေရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက် စစ်ရေးတင်းမာလာနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NDF အပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို စစ်ကော်မရှင်ဖျက်သိမ်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 17 Views
စက်တင်ဘာလ (၉)ရက်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီအပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို ဖျက်သိမ်းလိုက်တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို မယုံကြည်ကြဖို့ နိုင်ငံအချို့ကို NUG သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 17 Views
စက်တင်ဘာလ (၉)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံအချို့အနေနဲ့ မယုံကြည်ကြဖို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့
မြန်မာသတင်း

ခုခံ‌တွန်းလှန်စစ် (၄)နှစ်တာထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးကို ပစ်ချနိုင်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 43 Views
စက်တင်ဘာလ (၉)ရက်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ခုခံတွန်းလှန်စစ်ကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာမှာ စစ်အုပ်စုရဲ့ စစ်လေယာဉ် (၅)စီးနဲ့
မြန်မာသတင်း

ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံထဲ မြန်မာပါဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 40 Views
စက်တင်ဘာလ (၉)ရက်။ အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုချိုးဖောက်ကျူးလွန်တာတွေက ပညာလေ့လာသင်ယူတာတွေကို နှောင့်နှေးပြတ်တောက်စေရုံသာမက မိသားစုတွေကိုပါ စိတ်ဒဏ်ရာတွေရစေပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို
မြန်မာသတင်း

CRPH နဲ့ NUG တို့ကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်စွပ်စွဲ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 37 Views
စက်တင်ဘာလ (၉)ရက်။ CRPH နဲ့ NUG တို့ရဲ့ နှောင့်ယှက်တာတွေကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာကနေ စွပ်စွဲပြောဆိုထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ CRPH နဲ့ NUG တို့ဟာ
မြန်မာသတင်း

ပုလောမြိုမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 62 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပုလောမြို ထမင်းမစားရွာမှာ တပ်စွဲထားတဲ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို ပုလော-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုသိမ်းနိုင်ခဲ့တဲ့ စစ်တပ်စခန်းက ထမင်းမစားရွာထဲ တပ်စွဲထားတဲ့စခန်းပါ။ အဲ့ဒီစခန်းမှာ
မြန်မာသတင်း

ကန့်ဘလူမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 55 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်ခန့်က ကန့်ဘလူမြိုမှာ လှည့်ကင်းထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၇)ဦးခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ လှည့်ကင်းထွက်လာတဲ့ ဖက်ဆစ်စစ်တပ်နဲ့ ပျူစောထီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်တယ်လို NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 55 Views
စက်တင်ဘာလ (၈)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နက်ရှိင်းစွာ စိုးရိမ်ပူပန်မိတယ်လို NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသတာမရဘူးလို