နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရှမ်းမြောက် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များအကြား စစ်ရေးတင်းမာမှု အမြင့်ဆုံး အ‌ခြေအနေ ရောက်ရှိနေ

ဇွန်လ (၁၃) ရက်။

ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တို့အကြား စစ်ရေးတင်းမာမှု အမြင့်ဆုံး အ‌ခြေအနေ ရောက်ရှိနေပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းမြောက်ဒေသရှိ မြို့ ၁၇ မြို့ကို သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ကို ဝန်းရံထားစဥ် တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ဒီနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ရပ်စဲခဲ့ပါတယ်။

အပစ်ရပ်ထားတဲ့ကာလမှာ စစ်ကောင်စီက လားရှိုး စစ်ဌာနချုပ်ကို နေ့တိုင်း လူအင်အား၊ လက်နက် ဖြည့်တင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ဖြတ်သန်းပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ဖို့ တရုတ်နိုင်ငံက ညှိနှိုင်းပေးနေပေမယ့် (၅) ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ ပြီးဆုံးချိန်အထိ သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်၊ ကျောက်မဲ၊ သီပေါနဲ့ ပြင်ဦးလွင်တို့မှာ စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဟိုင်ဂင် စာချုပ်အရ အပစ်အခတ် ရပ်စဲထားပေမယ့် စစ်တပ်ဘက်က နောင်ချို၊ မိုးမိတ်စတဲ့မြို့နယ်တွေကို လက်နက်ကြီး ပစ်ခတ်ပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေတဲ့အပြင် သီပေါ-နမ္မတူလမ်းကို မြောင်းတူးဖျက်ဆီးလိုက်ပြီး စစ်ကောင်စီဘက်က ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဖို့ ကြိုးစားနေတယ်လို့ မနေ့က ဇွန်လ (၁၂) ရက်နေ့မှာ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ အခြေအနေအရ တကြော့ပြန်စစ်ပွဲ ပြန်ဖြစ်ပါက စစ်ပွဲ ပြင်းထန်နိုင်ပြီး ညီနောင်မဟာမိတ်တပ်တွေ ဝိုင်းထားတဲ့ မူဆယ်မြို့နေ ဒေသခံများအနေနဲ့ စစ်ပွဲအတွင်း ပိတ်မိနိုင်ပါတယ်။ အလားတူပဲ အခြားဒေသနေ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိဖို့လိုတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက သတိပေးနေကြတယ်လို့ သိရပါတယ်။

ရှမ်းမြောက်မှာ တရုတ်ရေနံပိုက်လိုင်းတွေရှိတဲ့အပြင် လက်ရှိအချိန်ထိ နယ်စပ်ကုန်သွယ်ရေးလည်း ပြန်မစသေးနိုင်တဲ့အတွက် စစ်ကောင်စီဘက်မှာ ဝင်ငွေလျော့နည်းလာတာကြောင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ရေးပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 8 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ
မြန်မာသတင်း

ရေဖြူမြို့ပေါ်ရှိ စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF စီးနင်းတိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က ရေဖြုမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မြောက်ဦးအပါအဝင် တညထဲ မြို့(၄)မြို့ကို စစ်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က ညပိုင်းအချိန်က ရခိုင်ရှိ မြောက်ဦးမြို့အပါအဝင် မြို့ (၄)မြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီလောက်ကစပြီး မြောက်ဦး၊ ပုဏ္ဏားကျွန်း၊
မြန်မာသတင်း

မြန်မာဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူမဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြန်မာနိုင်ငံဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူ မဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ ပထမဆုံးအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့နယ်မြေထဲ တည်ရှိနေတာထက် ကွင်းဆက်များစွာနဲ့ လည်ပတ်နေတဲ့
မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 35 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၄)နှစ်ကျော်ကာလထဲ
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် (၂၈)ရက်နေ့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ၂၀၂၆ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 45 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 35 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်ကစပြီး လောင်းလုံးမြို့နယ်ရှိ ညင်းမော်ရွာနဲ့ စစ်ပြဲရွာအနီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၁၀)နာရီလောက်ကစပြီး ညင်းမော်နဲ့ စစ်ပြဲရွာနားမှာ စခတွေနဲ့ တော်လှန်ရေးတပ်တွေ