နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုင်းရယ်မြို့ကို SSPP/SSA ဝင်ရောက်ထိန်းချုပ်

++++++++++++++++++++++++++

ဇူလိုင်လ (၁၃) ရက်။

ဒီကနေ့ ဇူလိုင်လ မနက် ၅ နာရီ ဝန်းကျင်မှာ မိုင်းရယ်မြို့ကို SSPP/SSA က နေပြည်တော်နဲ့ညှိပြီး ဝင်ရောက်ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ အင်အား ၁၀၀၀ ကျော်ရှိတယ်လို့ သိရှိရပါတယ်။

မိုင်းရယ်မြို့နယ်က ပြည်သူလူထုများကို စစ်ဘေးဒဏ်မှ ကာကွယ်ပေးရန် SSPP တပ်ဖွဲ့က ဝင်ရောက်နေရာယူခဲ့တာဖြစ်တယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက BBC သတင်းဌာနမှာ ဖြေကြားထားပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့က စတင်ပြီး တန့်ယန်းမြို့ထဲကို ‘ဝ’တပ်ဖွဲ့ UWSA က တပ်အင်အား ၂၀၀၀ ကျော်နဲ့ သံလွင်မြစ်အနောက်ဘက်ကို ကမ်းကူးကာ အင်အားဖြည့်တင်းလာခဲ့ပြီး အချို့တပ်ဖွဲ့ဝင်တွေက တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမြို့ကို ဆက်လက်ချီတက်သွားတယ်လို့ စစ်ရေးသတင်းမြစ်က ပြောပါတယ်။

အချက်အလက်

+++++++++

ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP / SSA) ကို ဥက္ကဋ္ဌ စဝ်ပန်ဖက ဦးစီးပြီး စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စဝ်ခင်မင်က တာဝန်ယူထားပါတယ်။ SSPP / SSA ဌာနချုပ်က ဝမ်ဟိုင်းမှာ တည်ရှိပါတယ်။

SSPP/SSA ဟာ ဝမ်ဟိုင်းကို ဗဟိုပြု၍ မိုင်းရှူး၊ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းနောင်၊ ကျေးသီးမန်စံ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုးမိတ်ဒေသတို့မှာ ဖြန့်ခွဲလှုပ်ရှားနေပြီး ရှမ်းပြည်မြောက်ပိုင်းရော တောင်ပိုင်းပါ အခြေပြုလှုပ်ရှားလျက်ရှိပါတယ်။ စုစုပေါင်းအင်အား ၁၀,၀၀၀ မှ ၁၂,၀၀၀ ဝန်းကျင်ခန့်ရှိလို့ ခန့်မှန်းရပါတယ်။ သူ့တပ်ဖွဲ့တွေ လက်နက်တပ်ဆင်ထားနိုင်တဲ့ အခြေအနေရှိပါတယ်။

SSPP/SSA အပြည့်အဝ ထိန်းချုပ်လှုပ်ရှားတဲ့ ဒေသတွေက နောင်ချို၊ လာရှိုး၊ တန့်ယန်းကားလမ်းနဲ့ တောင်ကြီး၊ ကျိုင်းတုံ ကားလမ်းကြား ရှမ်းတောင်ဒေသတို့ ဖြစ်ပါတယ်။ အရင်က အဲ့ဒီဒေသတွေမှာ တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ မရှိပေမယ့် လက်ရှိအချိန်မှာတော့ တန့်ယန်းကို “ ဝ” ကထိန်းချုပ်ထားပြီး၊ နောင်ချိုကို TNLA က ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် လားရှိုးကို MNDAA နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 11 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 15 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 121 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 33 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 41 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 45 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ