နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ စက်သုံးဆီပြတ်‌တောက်တာကြောင့် ဆီဆိုင်တန်းစီတဲ့ကားတွေနဲ့ပြည့်နေပြီး ယာဉ်ကြောပိတ်ဆို့တာတွေနဲ့ပါ ကြုံတွေ့နေရ

ဩဂုတ်လ (၁၃)ရက်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကစပြီး ရန်ကုန်မှာ စက်သုံးဆီရှားပါးပြတ်တောက်လာတာတွေကြောင့် စက်သုံးဆီဆိုင်တွေမှာ ကားတွေအများအပြား တန်းစီစောင့်ဆိုင်းနေရပြန်တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ပြီးခဲ့တဲ့အပတ်ထဲကစပြီး ရန်ကုန်က ဆီဆိုင်တွေမှာ ကားတွေတန်းစီပြီး စောင့်နေရတာ။ ဆီက လိုသလောက်မရတော့တာနဲ့ ရတဲ့အချိန်ကို စောင့်နေကြရတာဆိုတော့ ကားလမ်းတွေပါ ဆိုးဆိုးရွားရွားပိတ်ကုန်တာ” လို့ ဗဟန်းမြို့နေသူတစ်ဦးက ဆိုပါတယ်။

စက်သုံးဆီဆိုင်တွေမှာ ကားတွေ တန်းစီစောင့်‌ဆိုင်းနေတာတွေကြောင့် ရန်ကုန်မြို့ရှိ အဓိကလမ်းမပေါ်တွေမှာပါ ယာဉ်ကြောပိတ်ဆို့တာတွေနဲ့ ကြုံတွေ့နေရပြီး မြို့နေပြည်သူတွေအနေနဲ့ သွားလာရတာ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ ကမ္ဘာအေးဘုရားလမ်းပေါ်မှာဆို ဆီဆိုင်တန်းစီတဲ့ကားတွေက ယာဉ်ကြော (၂)ကြောလောက်ကို ယူထားတာဆိုတော့ အဲ့ဒီကားတွေနဲ့ လမ်းပပြည့်နေပြီး ကားလမ်းတွေပါပိတ်ကုန်တာ။ ရုံး၀န်ထမ်းတွေဆို ရုံးနောက်ကျတဲ့သူတွေပါရှိတယ်။ အခုက စက်သုံးဆီမရကြတော့ မနက်အစောကြီးကထဲကထပြီး တန်းစီစောင့်တဲ့သူတွေပါရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

အခုအခါ ပြည်တွင်းကို စက်သုံးဆီတင်သင်္ဘောတွေဟာ အရင်ကလောက် မ၀င်လာတော့တဲ့အတွက် စက်သုံးဆီရှားပါးပြတ်တောက်တဲ့အခြေအနေဟာ ပိုမိုဆိုးရွားလာဖို့ အခြေအနေသာရှိတယ်လို့ စက်သုံးဆီဆိုင်တွေနဲ့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။

“ အရင်ကဆို ဆီတင်သင်္ဘောက အနည်းဆုံး (၈)စင်းအထက်ရှိတယ်။ အခုတခေါက် ပင်လယ်၀မှာ ကျောက်ချထားတဲ့ ဆီတင်သင်္ဘောက အနည်းဆုံးပဲ။ နောက်ထပ် မလက္ကာရေလက်ကြားက ထွက်လာပြီး ရန်ကုန်ကို ဦးတည်နေတဲ့ Tanker တစင်းမှမရှိဘူး” လို့ ရေကြောင်းစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ စက်သုံးဆီပြတ်တောက်တာဟာ မကြာခဏဆိုသလို ဖြစ်နေပြီး စက်သုံးဆီဈေးနှုန်းတွေလဲ အဆမတန်မြင့်တက်ခဲ့ကာ အခုတကြိမ် စက်သုံးဆီပြတ်တောက်တဲ့အခြေအနေဟာ အဆိုးရွားဆုံးဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

အခုလိုစက်သုံးဆီပြတ်တောက်တာကို မန္တလေးနဲ့ ပြင်ဦးလွင်တို့အပါအ၀င် မြို့ကြီးအချို့မှာပါ ကြုံတွေ့နေရပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေကာ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုလာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 4 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 5 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 5 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 5 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 44 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 38 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂန့်ဂေါခရိုင်စစ်ဌာနက ယောဒေသစစ်ဆင်ရေးကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 31 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 44 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ