နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟားခါး-ထန်တလန်လမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

ဩဂုတ်လ (၁၃)ရက်။

မနေ့က ဟားခါး-ထန်တလန်လမ်းရှိ စစ်ကောင်စီရဲ့ Keivangzuan စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ CDF-Hakha ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲကို Operation Rung အမည်နဲ့ Chinland Defense Force-Hakha နဲ့ Chin National Army တို့က ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ ၆၀မမ၊ MA-1 (၂)လက်၊ MA-2 (၄)လက်၊ MA-3 တစ်လက်၊ MA-4 (၂)လက်၊ Machine gun တစ်လက်၊ ကျည်‌ဘောက် (၂၅)ခုအပါအ၀င် မိုင်းနဲ့ ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

CDF-Hakha အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြာ်သူတွေ ပူးပေါင်းပါ၀င်ဖို့ မေတ္တာရပ်ခံထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကလေးမြို့တိုက်ပွဲထဲ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 27 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကလေးမြို့ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

တလထဲ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 22 Views
စက်တင်ဘာလ (၁၁)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၅)မှုရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို အရေးယူမယ်လို့ KNU သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 35 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို ကော်သူးလေဥပဒေနဲ့အညီ အရေးယူမယ်လို့ ညောင်လေးပင်ခရိုင် KNU တပ်မဟာ (၄)က ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် တိုင်းရင်းသားပြည်သူတွေအပေါ် ဖိနှိပ်ကျွန်ပြု၊
မြန်မာသတင်း

မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 28 Views
စက်တင်ဘာလ (၁၁)ရက်။ မနေ့က ည (၁၀)နာရီ (၁၀)မိနစ်ခန့်မှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ထွေအုပ်ရုံးက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အာဏာရူးတွေ အာဏာတည်မြဲဖို့ လက်တဆုပ်စာ ကိုယ်ကျိုးစီးပွားအတွက်လုပ်နေတဲ့
မြန်မာသတင်း

င‌ဖဲမြို့တိုက်ပွဲထဲ စစ်တပ်စစ်ကြောင်း အထိနာပြီး (၇၀)ကျော်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 26 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၄)ရက်နေ့နဲ့ (၇)ရက်နေ့တို့မှာ မကွေးတိုင်း ငဖဲမြို့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ‌မှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

သပိတ်ကျင်းမြို့ရှိ ကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 63 Views
စက်တင်ဘာလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ ဇရပ်ကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီခွဲဝန်းကျင်လောက်မှာ သပိတ်ကျင်းက ဇရပ်ကွင်းရွာစာသင်ကျောင်းကို စစ်တပ်က
မြန်မာသတင်း

၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 39 Views
၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။ ကိုမောင်မောင်ကျော်ဟာ ၁၉၈၈ခုနှစ်စစ်အာဏာမသိမ်းခင်ကတည်း စစ်အာဏာသိမ်း တော့မည်ကို ကြိုတင်ခန့်မှန်းမိပြီးတောခိုခဲ့သူဖြစ်ပါတယ်။ ကိုမောင်မောင်ကျော် ရဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ဦးထွန်းအောင်ကျော်ကမေးမြန်းပြီး အပြန်အလှန် ဆွေးနွေးတာကို တင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင်က အမြင်မှန်ရပြီး စနစ်ပြောင်းမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းမယ်မထင်ဘူးလို့ ဦးရည်မွန်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 53 Views
စက်တင်ဘာလ (၁၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စနစ်ပြောင်းဖို့  ‌ဆန္ဒရှိမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းပယ်မယ်မထင်ဘူးလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PVTV နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တကယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က အမြင်မှန်ရပြီးတော့