နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အတည်ပြုခဲ့တယ်လို့ KNU ထုတ်ပြန်

ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

ဧပြီလ (၁၀)ရက်။

တော်လှန်ရေးကာ ကော်သူးလေပဋိညာဉ်ကို ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ တရားဝင် အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပဋိညာဉ်မူကြမ်းကို (၂)နှစ်ကျော်ကြာ အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့ပြီး အကြေအလည် ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို ကော်သူးလေပဋိညာဉ်ကို အတည်ပြုပြီးနောက် ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖွဲ့စည်းခဲ့တဲ့ အတိုင်ပင်ခံကောင်စီဟာ ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ပုံဖော်ရေးမှာ လိုအပ်တဲ့ အကြံပြုမှုတွေနဲ့ နည်းပညာပံ့ပိုးမှုတွေ ရရှိဖို့ လမ်းညွှန်ပေးဖို့ဖြစ်ကာ ပါဝင်မယ့် လူပုဂ္ဂိုလ်စာရင်းတွေကို ကနဦး အတည်ပြုခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အုပ်ချုပ်ရေးကောင်စီအနေနဲ့ KNU ရဲ့ အုပ်ချုပ်ရေးဌာန (၁၂)ထဲက (၇)ခုနဲ့ အစပြုပြီး ပိုမိုအားကောင်းတဲ့ဌာနတွေ ဖြစ်လာဖို့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကောင်စီထဲ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဌာနကို ဌာန(၈)ခုမြောက်အနေနဲ့ အသစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဌာန(၈)ခုရဲ့ ဌာနမှူးအမည်စာရင်းတွေကိုလဲ ကနဦး အတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအတည်ပြုလိုက်တဲ့ တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို ပြည်သူတွေ သိရှိနားလည်စေဖို့ မကြာခင်အချိန်မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ အသိပေးထားပါတယ်။

KNU အနေနဲ့ ကော်သူးလေပဋိညာဉ်ကိုအခြေပြုပြီး နိုင်ငံရေးဦးဆောင်မှုနဲ့ ခရိုင် (၇)ခုက ကိုယ်စားလှယ်တွေနဲ့အတူ မျှဝေသတ်မှတ်ထားတဲ့ စံတန်ဖိုးတွေနဲ့  ပိုမိုပြည့်၀စွာ ကိုယ်စားပြုမှုရှိတဲ့၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီနည်းလမ်းတကျ ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 29 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 25 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 20 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ