နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူမြို့ ရေလာလေးစခန်းသိမ်းတိုက်ပွဲထဲ နှစ်ဖက်ထိခိုက်ကျ‌ဆုံးတာတွေရှိခဲ့

ဒီဇင်ဘာလ (၁၃)ရက်။

ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၆)နာရီအချိန်ကစပြီး ပခုက္ကူမြို့ရှိ စစ်ကောင်စီရဲ့ ရေလာလေးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရေလာလေးစခန်းသိမ်းတိုက်ပွဲဟာ တစ်နာရီခွဲကြာမြင့်ခဲ့ပြီး စစ်ကောင်စီအထိုင်စခန်းနဲ့ ဘန်ကာတွေကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ကာ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးခဲ့ပြီး (၇)ဦး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ (၄)ကြိမ်တိတိ ဗုံးကြဲပစ်ကူပေးခဲ့ကာ ဒေသခံပြည်သူ (၃)ဦးနဲ့ ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး SRF ရဲဘော်တစ်ဦးနဲ့ PLA ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

‌တိုက်ပွဲထဲ ကျဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ SRF က တပ်စိပ်မှူး ရဲဘော် ထောင့်မကျိုး(ခ)ရဲဘော် ဟိန်းမင်းခန့်နဲ့ PLA အနောက်မြောက်စစ်ဒေသ အထူးအဖွဲ့က ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲထဲ ၆၀မမ စိန်ပြောင်း(၁)လက်၊MA2 (၁)လက်၊ MA3 (၁)လက်၊ M2 ကာဘိုင် (၁၂)လက်၊ ရှော့ဂန်း (၃)လက်၊ 5.56 လက်လုပ် (၁)လက်၊ ကျည်ဘောက် (၁၀)ဘောက်၊ ကျည်မျိုးစုံ(၂၀၀၀)ခန့်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို အမှတ်(၈)စစ်ကြောင်း ဦးဆောင်မှုနဲ့ Earthquake Peoples Defence Force၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင်(Local)တပ်ရင်းနဲ့ Kamma Revolution Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်ဖို့ အရေးကြီးတဲ့အချိန် ရောက်ပြီဖြစ်တာကြောင့် ပူးပေါင်းပါဝင်အားဖြည့်ဖို့ MDY-PDF ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 7 Views
ဇွန်လ (၇)ရက်။ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်ယမ်းကုန် တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်တယ်လို့ MDY-PDF ရဲ့
မြန်မာသတင်း

ဖားကန့်မှာ ယမ်းဂိုဒေါင်နေရာ စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချ၊ ကလေးတွေအပါအဝင် (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 13 Views
ဇွန်လ (၇)ရက်။ မနေ့က ည (၉)နာရီအချိန် ဖားကန့်မြို့ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးပစ်ချခဲ့တယ်လို့
မြန်မာသတင်း

ဖယ်ခုံမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်ထဲ စာလုပ်နေတဲ့ ကျောင်းသားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 10 Views
ဇွန်လ (၇)ရက်။ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာကို ဝရမ်းပြေး အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

အိုးဘိုထောင်ထဲ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်/ကျဉ်းစာရင်းကို PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 8 Views
ဇွန်လ (၇)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၄၉)ဦးရဲ့စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲ အဆောက်အအုံပြိုကျကာ သေဆုံးခဲ့သူ စုစုပေါင်း (၇ဝ)ကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား၊
နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 8 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ သမာသမတ်ကျ မျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ
မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 22 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က နေ့လယ် (၁)နာရီ (၅၈)မိနစ်လောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေ Mig-29
မြန်မာသတင်း

ILO ညီလာခံကနေ စစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့အောင်ပွဲလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 21 Views
စစ်အုပ်စုကို အရေးယူဖို့ အဆိုတင်သွင်းတဲ့အခါ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြ ဇွန်လ (၆)ရက်။ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ(133th ILC)မှာ ILO က စစ်အုပ်စုကို ILO Constitution, Article
မြန်မာသတင်း

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သေဆုံးတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့သူတွေထဲ (၆)နှစ်အရွယ် မိန်းကလေးငယ်တဦးပါဝင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 14 Views
ဇွန်လ (၆)ရက်။ ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေဆိုကာ (၁၆)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေထဲ အသက် (၆)နှစ်အရွယ်