နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရသူတွေထဲ အသက်မပြည့်တဲ့ကလေးငယ်တွေ ပါဝင်နေ

ဒီဇင်ဘာလ (၁၃)ရက်။

စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း စုဆောင်းခံရသူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေတယ်လို့ ပြည်သူ့ရင်ခွင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတဲ့ဖြစ်စဉ်တွေ ပိုများနေပါတယ်။ အဲ့ဒီထဲကမှ ခေါ်ထုတ်ကယ်ဆယ်ခဲ့ရတဲ့သူတွေထဲ အသက်မပြည့်တဲ့ ကလေးငယ်တွေလဲ ပါဝင်ပါတယ်” လို့ ဆိုပါတယ်။

စစ်မှုထမ်းစုဆောင်းခံရသူတွေထဲ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်အကူအညီတောင်းခံလာတာကြောင့် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ EROs တွေနဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းကာ ခေါ်ထုတ်ကယ်ဆယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ကောင်စီတပ်က မတရားဖမ်းဆီးစုးဆောင်းပေမယ့် ဘယ်အဖွဲ့ကို ဆက်သွယ်တိုင်ပင်ရမှာကို မသိတာကြောင့် လူငယ်များစွာတို့ဟာ စစ်ကောင်စီယူနီဖောင်း‌တွေဝတ်ပြီး အကြောင်းမဲ့ သိက္ခာမဲ့စွာ အသက်ဆုံးရှုံးနေရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် မတရားစုဆောင်းခံရသူတွေအနေနဲ့ လူကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့သူတွေကတဆင့် ပြည်သူ့ရင်ခွင်ကို လာရောက်ဆက်သွယ်နိုင်ပြီး စစ်ကောင်စီတပ်ကို လက်နက်နဲ့ လက်နက်မဲ့ စွန့်ခွာနိုင်ဖို့ ကူညီပေးမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူ့ရင်ခွင်အနေနဲ့ စစ်ရေးတင်းမာတယနဲ့ နယ်မြေအခြေအနေအရ လာရောက်ဆက်သွယ်တဲ့ လူငယ်တိုင်းကို ရာနှုန်းပြည့် မကယ်နိုင်ပေမယ့် အခွင့်အရေးရှိရင် သူတို့ထဲက တစ်ဦးကို ကြိုးစားကယ်တင်ပေးမယ်လို့ ထပ်မံအသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ အာဏာလွှဲအပ်ခဲ့တဲ့အမိန့်ကို ကာ/လုံအစည်းအဝေးမှာ ပြန်လည်ပယ်ဖျက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 5 Views
ညိုစော ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ ဇူလိုက်လ (၃၁)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာက စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်တာလို့ MNDAA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 11 Views
ဇူလိုင်လ (၃၁)ရက်။ ကွတ်ခိုင်မြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တာဟာ စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်တာလို့ MNDAA ရဲ့ မနေ့က
မြန်မာသတင်း

နိုင်ငံရှေ့ခရီးအတွက် ဒုတိယစာမျက်နှာစပြီလို့ စစ်ခေါင်းဆောင်က ဂုဏ်ပြုပွဲမှာပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 13 Views
ဇူလိုင်လ (၃၁)ရက်။ နိုင်ငံရှေ့ခရီးအတွက် ဒုတိယစာမျက်နှာ အစကို ဆက်သွားကြမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော််မှာပြုလုပ်တဲ့ ဂုဏ်ပြုပွဲမှာ ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဆက်လျှောက်ရမယ့်ခရီး၊ နိုင်ငံရဲ့ရှေ့ခရီးကတော့ အများကြီးကျန်သေးတယ်။ ဒါတွေက ဒုတိယစာမျက်နှာရဲ့
မြန်မာသတင်း

ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ TNLA တောင်းဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 25 Views
ဇူလိုင်လ (၃၀)ရက်။ ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေကို TNLA က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ စုပေါင်းတိုက်ခိုက်တာကြောင့်
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းအပါအဝင် နေရာ (၂)ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 20 Views
ရဲစခန်းရှိ အကျဉ်းသားတွေနဲ့ သံသယတရားခံ စုစုပေါင်း (၂၀)ကျော် သေဆုံးခဲ့တယ်လို့ MDY-PDF ထုတ်ပြန် ဇူလိုင်လ (၃၀)ရက်။ မနေ့က ညနေပိုင်းအချိန် စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းနဲ့ ရွှေပန်တောရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့
မြန်မာသတင်း

ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 20 Views
ဇူလိုင်လ (၃၀)ရက်။ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခန့်က ညောင်ဦးမြို့ တောင်ဘရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေအရ သိရပါတယ်။ “ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးက Denko ဆီဆိုင်ကို ဆိုင်ကယ် (၃)စီးနဲ့
မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ပြည်သူ (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 23 Views
ဇူလိုင်လ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်ခန့်က ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၉)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့မှာ ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 22 Views
ဇူလိုင်လ (၃၀)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့ရှိ (၆၇)ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒဂုံဆိပ်ကမ်းက (၆၇)ရပ်ကွက်ရုံးနဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေတွေကို ပြင်းအားမြင့်