ဇွန်လ (၁၄)ရက်။
မနေ့က နံနက်(၅)နာရီခွဲအချိန်မှာ ဒီပဲယင်းမြို့ထဲက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်(အမေ့သား)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီပဲယင်းမြို့ထဲက ထွေ/အုပ်ရုံးအပါအဝင် ဇွဲစားသောက်ဆိုင်နဲ့ အထက(၁)ကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးတပ်ဘက်က Fix Winds Drone (၅)စီးနဲ့ ဗုံသီး(၈)လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ (၄)နာရီနီးပါးအထိ ကြာမြင့်ခဲ့ပြီး ဒရုန်းတပ်ဖွဲ့တွေက တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့တယ်လို့ သိရပြီး စာရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ဆင်ရေးကို ရွှေဘိုခရိုင်၊ မတစ်ထောင်တစ်ကောင်ဘွား ဒရုန်းတပ်ဖွဲ့၊ ဝံပုလွေဒရုန်းတပ်ဖွဲ့နဲ့ မဟူရာကျွဲရိုင်းဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။