နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူမျိုးကြီးဝါဒကို ဆန့်ကျင်ပြီး ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ လိုလားတယ်လို့ စစ်သုံ့ပန်းတွေကို MNDAA ရှင်းပြ

ဩဂုတ်လ (၁၄)ရက်။

လူမျိုးကြီးဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ တွန်းအားပေးနေတာလို့ စစ်သုံ့ပန်းတွေကို ကိုးကန့်တပ်(MNDAA)က ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လားရှိုးလွတ်မြောက်ဖို့တိုက်ပွဲထဲ တိုက်ပွဲအစကနေအဆုံးအထိ ထောင်နဲ့ချီတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေဟာ မဟာမိတ်တပ်တွေဆီ လက်နက်ချ အလင်း၀င်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်သုံ့ပန်းတွေကို MNDAA နိုင်ငံရေးဌာနရဲ့ အလုပ်အဖွဲ့က MNTJP ပါတီရဲ့ ရည်ရွယ်ချက်၊ အဆိုပြုချက်တွေနဲ့ နိုင်ငံရေးလမ်းကြောင်းဆိုင်ရာတွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

MNDAA အနေနဲ့ လူမျိုးကြီးဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လူမျိုးစုအားလုံး တန်းတူမျှမှု၊ လွတ်လပ်မှုအပါအ၀င် ဒီမိုကရက်တစ်နဲ့ ယဉ်ကျေးပြီး သာယာ၀ပြောတဲ့ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ တွန်းအားပေးသူတွေလို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

MNTJP ပါတီအနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး စစ်တပ်ကို နိုင်ငံတော်အစိုးရက ကွပ်ကဲအုပ်ချုပ်စေဖို့ကို တိုက်တွန်းဆော်ဩထားတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားပြည်နယ်တွေ ဒါမှမဟုတ် အထူးအုပ်ချုပ်ရေးဒေသတွေမှာ လွတ်လပ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဘဏ္ဍာရေးစနစ်ရှိပြီး ဥပဒေပြုရေးအာဏာကို ရယူခံစားနိုင်ဖို့ ထောက်ခံတယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ စစ်သုံ့ပန်းတွေအတွက် ဦးစားပေး ကောင်းမွန်စွာဆက်ဆံရေးမူဝါဒကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ပြီး အသက်ဘေးကင်းဖို့နဲ့ အခြေခံအသက်မွေး၀မ်းကြောင်း အာမခံချက်ရှိဖို့ လုပ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရစစ်သုံ့ပန်းတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသပေးပြီး စစ်သုံ့ပန်းတွေရဲ့ အယူဝါဒဆိုင်ရာ ပညာရေး၊ လမ်းညွှန်မှုနဲ့ အသွင်ပြောင်းရေးတို့ကို လုပ်ဆောင်ပေးနေတယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 51 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 36 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး