နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဦးမြို့ပေါ် အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီက လေကြောင်းပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ဩဂုတ်လ (၁၄)ရက်။

ဩဂုတ်လ (၁၀)ရက်နေ့ကစပြီး ရေဦး‌မြို့ပေါ်ကို စစ်ရှုံးစစ်ကောင်စီက လေကြောင်းကနေ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းခဲ့တယ်လို့ People’s Defense Comrade(အမေ့သား)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရေဦးမြို့ပေါ်ကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတဲ့အချိန် စစ်ကောင်စီက Mi-35 တိုက်ခိုက်ရေးလေယာဉ်နဲ့ ရေဦးမြို့အနောက်ဘက်ရှိ ကျေးရွာတွေပေါ် ပျံဝဲပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ မုတ်စိနဲ့ ပြည်တော်အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီကျေးရွာအချို့က ပြည်သူတွေဟာ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

“ ဒီလိုရှောင်ကြတာကြောင့် ရေဦးဘက်က အကြမ်းဖက်စစ်ကောင်စီတွေ စစ်ကြောင်းထိုးလာတာထင်ပြီး အခြားကျေးရွာကပြည်သူတွေကလဲ စိုးရိမ်ကြောက်လန့်နေကြတယ်။ ဆိုက်ဝါးသတင်းတွေကိုပါ ကြားသိနေရတာကြောင့် မစိုးရိမ်ကြဖို့နဲ့ မြေပြင်သတင်းတွေကိုပဲ နားစွင့်ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်” လို့ People’s Defense Comrade(အမေ့သား)က ပြောဆိုထားပါတယ်။

ရေဦးမြို့ပေါ်ကို စစ်ကောင်စီရဲ့ မုံရွာမြို့ရှိ နမခဘက်ကနေ Mi-17 ထောက်ပို့ယာဉ်နဲ့ (၇)ကြိမ် ဆင်းသက်ခဲ့တာဖြစ်တယ်လို့ သိရပြီး တခုခုကြားသိရပါက နီးစပ်ရာအဖွဲ့အစည်းတွေဆီ ဆက်သွယ်စုံစမ်းပြီးမှ ပြင်ဆင်ကြဖို့ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ထောင်နဲ့ချီရှိခဲ့ပြီး နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့လဲ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 51 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 36 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး