နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သီပေါမြို့က လက်ကျန်စစ်ကောင်စီတပ် ခလရ(၂၃)ကို TNLA သိမ်းပိုက်နိုင်ခဲ့၊ သီပေါမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့မြို့ဖြစ်လာ

အောက်တိုဘာလ (၁၄)ရက်။

မနေ့က နေ့လယ်ပိုင်းအချိန်မှာ သီပေါမြို့ထဲ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ(၂၃)ကို TNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ခလရ(၂၃)ကို သိမ်းပိုက်ပြီးတော့ သီပေါမြို့ကို TNLA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ သီပေါတမြို့လုံးကို ရရှိဖို့ (၂)လကျော် ထိုးစစ်ဆင်ခဲ့ရတာပါ” လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုပါတယ်။

သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခမရ (၅၀၃)နဲ့ (၅၀၄)ကို TNLA က စက်တင်ဘာလကုန်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နောက်ဆုံးကျန်ရှိတဲ့ ခလရ(၂၃)ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

“ ခမရ(၅၀၃)နဲ့ (၅၀၄)ကို ဆုတ်သွားပြီး ခလရ (၂၃)ဟာ အင်အားနည်းနည်း ပြန်တောင့်လာတာကြောင့် ထုနဲ့ပတ်လည် ခံစစ်ဆင်ထားနိုင်တာပါ။ ဒါပေမယ့် ထိုးစစ်မရှိဘဲ ခံစစ်သေဖြစ်တာကြောင့် (၂)ပတ်အကျော်မှာ လက်လွှတ်လိုက်ရတာ” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

သီပေါမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန် ခလရ(၂၃)ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနဲ့ စစ်ကောင်စီမိသားစုဝင် (၁၀၀)ကျော် ဖမ်းမိခဲ့တဲ့အပေါ် TNLA ဘက်က ကနဦး အတည်ပြုပြောဆိုထားပါတယ်။

ခလရ(၂၃)တိုက်ပွဲထဲ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိသလို လက်နက်ချအညံ့ခံသူတွေလဲရှိကာ သီပေါမြို့ကို (၂)ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ TNLA ဘက်က ထုတ်ပြန်လာတာ မရှိသေးပါဘူး။

TNLA အနေနဲ့ တရုတ်နိုင်ငံအစိုးရဘက်က အပစ်ရပ်ဖို့ ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေတဲ့အချိန်မှာပဲ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အခုအခါ သီပေါမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့မြို့ ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ နှစ် (၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်း တပတ်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်ကောင်စီရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်းကို တစ်ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေးမြို့ရှိ အာယုတောင်ရွာက အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်က ရေးမြို့ရှိ အာယုတောင်ရွာ အုပ်ချုပ်ရေးမှူးရုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနက်က ကန်တာကားတစ်စီးနဲ့ အာယုတောင်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်တွေနဲ့ ပစ်သွားတာ။
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းပြီးနောက် အကျဉ်းထောင်ထဲ နိုင်/ကျဉ်း (၁၀၈)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၈)ဦးရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အကျဉ်းထောင်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်ရှိ စိန်ပန်းကုန်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရောင်နီနွေဦးအဖွဲ့ထံက သိရပါတယ်။ “ မနေ့က (၁၁)နာရီခွဲလောက် တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စိန်ပန်းကုန်းကျေးရွာအနီးတဝိုက်ကို
မြန်မာသတင်း

ကျွန်းလှမြို့ထဲ စစ်ကောင်စီက (၃)ရက်ဆက်တိုက် မီးရှို့တာနဲ့ လေကြောင်းပစ်ခတ်တာကြောင့် ဒေသခံ (၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၀)ရက်နေ့ကစပြီး (၂၂)ရက်နေ့အထိ ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့တာ၊ လေကြောင်းပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတို့ ပြုလုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်‌တွေ အစည်းအဝေး စစ်ကောင်စီတက်ရောက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ကိုယ်စား စစ်ကောင်စီရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီ (၄၈)မိနစ်အချိန်က စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောအခြေစိုက်တပ်စခန်းဟာ စစ်ကောင်စီရဲ့ စကခ(၈)လက်အောက်ခံ ခမရ(၄၀၇)၊ ခမရ(၄၀၈)နဲ့