နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်တော်မြို့က ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၊ ဆေးရုံတစ်ခုလုံး ပျက်စီးကာ ဆေးရုံ၀န်ထမ်းနဲ့ အရပ်သား ထိခိုက်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

မေလ (၁၅)ရက်။

ဒီကနေ့ နံနက်(၁၂)နာရီ (၁၆)မိနစ်အချိန်က ကျောက်တော်မြို့ရှိ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ဆေးရုံဝန်ထမ်း၊ လူနာအပါအဝင် အရပ်သား (၂၀)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်ခံရတဲ့အထဲ သေဆုံးသူအချို့ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦးထဲမှာ အပြင်းအထန်ဒဏ်ရာရသူ (၅)ဦးရှိခဲ့ပြီး မြင်းတစ်ကောင်လဲ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ဒေသ စစ်ပွဲတိုင်းမှာ ရှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ လူမျိုးရေးအမုန်းတရားတွေကို အခြေခံပြီး တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးတွေကို ပစ်ခတ်နေတာက အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာလို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဒီလိုလုပ်ရပ်တွေက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပြီး ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ လူမှုဘဝလုံခြုံမှုကို နေ့တိုင်း ခြိမ်းခြောက်နေတာလို့ ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို နေ့တိုင်း သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေဟာ နိုင်ငံအနှံ့ နေ့စဉ်ကျူးလွန်နေတဲ့ လုပ်ရပ်တွေဖြစ်ကာ အခုလိုလုပ်ရပ်တွေနဲ့ အရင်ကျူးလွန်ခဲ့တာတွေကို နိုင်ငံတကာအဖွဲ့တွေထံ ပေးပို့သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်သတင်းသမားတွေ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC) ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
ဇွန်လ (၂၂)ရက်။ ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်တဲ့ ရခိုင်သတင်းသမားတို့ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 33 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 38 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ မိုင်းလားတပ်ဖွဲ့(NDAA)တို့ အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့၊
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ပြည် ကျောက်တော်မြိုပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက် များနှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီး တစ်ဝိုက်ကို စစ်တပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် ၊ ကျောက်တော်မြိုပေါ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄)
၁၁၁၃ ရခိုင်စစ်ပွဲ

CPU/CPA နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 120 Views
ဧပြီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချင်းအမျိုးသားအစည်းအရုံး(CPU/CPA)နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ CPU ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ‌ဝင်တွေဟာ AA က ဖိတ်ကြားတာကြောင့် အာရက္ခဒေသကို သွားရောက်ပြီး
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 162 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 246 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၂)နာရီ (၇)မိနစ်လောက်က ပုဏ္ဏယးကျွန်း ယိုးငူရွာက ဈေးတန်းကို
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 1.28K Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်